သျှမ်းအမျိုးသားအဆင့်အတွက် ပင်လုံလူထုတွေ့ဆုံပွဲ ထပ်မံဟန့်တားခံရ

နိုင်ငံတော်အစိုးရထံ တင်ပြဆွေးနွေးပြီး ပင်လုံလူထုနှင့်ဒုတိယအကြိမ် တွေ့ဆုံသည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုသဘောထားကောက်ယူရေးကော်မတီအား တပ်မတော်မှ ဒုတိယအကြိမ်ထပ်မံ ဟန့်တားသည်ဟု တွေ့ဆုံရေးကော်မတီဝင်များ ပြောပြချက်အရသိရသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဒီဇင်ဘာလ ၂၁ ရက် ယနေ့မနက်ပိုင်းက သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲထပ်မံပြုလုပ်ရန် စီစဉ်နေစဉ် မြန်မာ့တပ်မတော်မှအင်အားသုံးဝင်ရောက်တားဆီးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်က ကျင်းပရန် ပထမအကြိမ်က စီစဉ်နေစဉ် ရလခတိုင်းမှညွှန်ကြားမှုဖြင့် လွယ်လင်တပ်နယ်မှ စစ်အင်အားသုံးကာဝင်ရောက်တားဆီးခဲ့သဖြင့် တွေ့ဆုံပွဲပျက်ပြယ်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရိုင်တွင် မဲခေါင်မြစ်အတွင်း ပစ်ချခဲ့သည့် စိတ်ကြွဆေးပြား ၆ သန်းကျော်သိမ်းဆည်းရမိ

0
ထိုင်းနိုင်ငံအတွင်းသို့ အကြီးစား မူးယစ်ဆေးဝါး တင်သွင်းရန် ကြိုးပမ်းခဲ့သည့် လာအိုမှ မှောင်ခိုသမားများ ပစ်ချထားခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား (Yaba) ၆ သန်းကျော်ကို ထိုင်း-လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း  သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၁၄ ရက်) ည ၈ခွဲဝန်းကျင်တွင် မဲခေါင်မြစ်ကြောင်း ထိန်းသိမ်းရေးအဖွဲ့က အိမ်နီးချင်းနိုင်ငံ လာအိုဘက်မှ မဲခေါင်မြစ်ကို...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

နိုင်ငံတကာအသတိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...