CATEGORY

သတင်း

နမ့်ဆန်တွင်ဖမ်းဆီးကာ ထောင်ချခံထားရသည့် ၈ တန်းကျောင်းသားအမှု ပြန်လည်စီစစ်ပေးရန် လွှတ်တော်ထံ SNLD မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တောင်းဆို

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည့် တအောင်း ကျောင်းသား၏ အမှု နှင့် ပတ်သက်ပြီး ပြန်လည် စိစစ်သုံးသပ်ပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်ရှိ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုံးကျော်က ပေးပို့တောင်းဆိုခဲ့သည်။ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)...

တရုတ်နိုင်ငံအတွင်းရှိ မဲခေါင်မြစ်ပေါ်ကဆည်တခု တရုတ်အစိုးရ ရေလျှော့လွှတ်မည်

လာမည့် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား သျှမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျိုင်းဟုန်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ပေါ်က ဆည်ရေတခု ရေလျှော့လွတ်မည်ဟု တရုတ်နိုင်ငံ ဒေသအတွင်း ရေးထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါသည်။ ဒီဇင်ဘာ ၇ ရက်မှ ၂၀ ရက်နေ့အထိ ၁၃ ရက်ကြာ ရေလျှော့လွှတ်မည်ဖြစ်ကြောင်း၊ တစက္ကန့် လျှင်...

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအတွက် သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံဆွေးနွေးဖို့လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ND မကျင်းပနိုင်သေးသော်လည်း သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံကာ နိုင်ငံရေးအတွက် ပြင်ဆင်မှု ပြုလုပ်ထားသင့်သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။ လာမည့်ဒီဇင်ဘာလ တွင် ငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်ကျင်းပရန် မြန်မာအစိုးရ ဘက်က ပြင်ဆင်နေချိန် အစိုးရကိုယ်စားလှယ်နှင့် NCA...

နိုင်ငံကျော်တေးရေးဆရာ စိုင်းခမ်းလိတ်အား မူစယ်သျှမ်းစာ/ယဉ်က စဝ်ဆေခန်ဖှဆုချီးမြင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်၌ ထူးချွန်ပုဂ္ဂိုလ်များအား နှစ်စဉ်ပေးအပ်မြဲ ဖြစ်သော စဝ်ဆေခန်ဖှ (သိုခန်ဘွား) ဆုကို ယခုနှစ် ဒေါက်တာစိုင်းခမ်းလိတ်အား ရွေးချယ်ကာ အပ်နှင်းခဲ့ကြောင်းသိရသည်။ သျှမ်းနှစ်သစ်ကူးပွဲတော်အား မူစယ်မြို့လွယ်တိန်ခမ်းကျောင်းတိုက်တွင် နို၀င်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ မူစယ်မြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှလူငယ်ခေါင်းဆောင် စိုင်းဟင်လိတ်က – “ကျနော်တို့...

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် အလှူဒါနပြုအခမ်းအနား ညောင်ရွှေဟော်နန်းတွင် ပထမအကြိမ်ပြုလုပ်

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် နှစ် ပတ်လည်နေ့ကို ညောင်ရွှေဟော်နန်းပေါ် သံဃာတော်များပင့်ဆောင်ပြီး ပထမအကြိမ် ဆွမ်းဆက် ကပ် လှူဒါန်းရေစက်ချ အမျှပေးဝေခွင့်ရခဲ့သည်။ ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့သည် ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် နတ်ရွာစံခြင်း ၅၅ နှစ်ပြည့်...

ရွာတွင်း သေနတ်ပစ်ခတ်မှုကြောင့် ကျင်းပနေသည့် သျှမ်းနှစ်သစ်ကူးပွဲတော် ပွဲလှန့်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်ဒုတိယညတွင် သေနတ်ပစ်ဖောက်မှုကြောင့်ဒေသခံလူထု ထိတ်လန့်ကာ ပွဲပျက်သွားကြောင်း သိရသည်။ နို၀င်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပသော မိုင်းယုအုပ်စု သျှမ်းနှစ်သစ်ကူးပွဲတော်၌ ပွဲတော်ဒုတိယညတွင် လက်နက်ကိုင်အဖွဲ့တဖွဲ့မှ သေနတ်ပစ်ခတ်ရာ ပွဲလှန့်ကာ စောစီးစွာပွဲပျက်ခဲ့ကြောင်း မိုင်းယုဒေသခံ စိုင်းလျောဝ်စတ့် က သျှမ်းသံတော်ဆင့်အားပြောသည်။ “၉...

ကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် အပစ်ရပ်ထားသည့် RCSS တို့ တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် တောင်ကြီး – ကျိုင်းတုံ ကားလမ်းတောင်ဘက် ခြမ်းတွင် အစိုးရ တပ်မတော် နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေး လုပ်ရာမှ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ၂၀၁၇ ခု နိုဝင်ဘာ ၁၉ ရက်နေ့...

RCSS/SSA ဌာနချုပ်လွယ် တိုင်းလျဲန်း၌ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော် UWSA ကိုယ်စားလှယ်တက်ရောက်

၂၁၁၂ နှစ်မြောက် သျှမ်းလူမျိုးများ နှစ်သစ်ကူးပွဲတော် ကြိုဆိုရေး အခမ်းအနားအား သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျဲန်း တွင် ကျင်း ပရာမှာ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုယ်စားလှယ်တက်ရောက် ခဲ့သည်ဟု သိရသည်။ အဆိုပါခမ်းအနားသို့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA...

ပန်ဆန်းမြို့၌ကျင်းပသည့် သျှမ်းနှစ်ကူးပွဲတော် သျှမ်းပြည်နယ်အလံထူခွင့် ဝ အာဏာပိုင်ဟန့်တား

သျှမ်းပြည်မြောက်ပိုင်း ပန်ဆန်းမြို့၌ ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော်အား ဗုဒ္ဓဘာသာ အလံသာ ထူခွင့်ပေးပြီး ဆိုင်းဘုတ်တွင်သော်လည်းကောင်း၊ တိုင်ဖြင့်သော်လည်းကောင်း ထူထားသည့် သျှမ်းပြည်နယ်အလံအား ဖြုတ်ချရန် ၀ အာဏာပိုင်များက ပွဲဖြစ်မြောက်ရေးကော်မတီအား ညွှန်ကြား ထားသည်ဟုသိရသည်။ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၂၁၁၂ ကြိမ်မြောက် သျှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်အား...

NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များEAOs ရုံး ရန်ကုန်မြို့တွင်ဖွင့်လှစ်မည်

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နက်ြဖန် နိုဝင်ဘာ ၁၈ ရက်နေ့ ဖွင့်လှစ် မည်ဖြစ်ကြောင်းသိရှိရသည်။ ကမာရွတ်မြို့နယ် ရွှေလီလမ်း တိုက်အမှတ် ၆ တွင် ဖွင့်လှစ်မည့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား...

Latest news