မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် အလှူဒါနပြုအခမ်းအနား ညောင်ရွှေဟော်နန်းတွင် ပထမအကြိမ်ပြုလုပ်

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် နှစ် ပတ်လည်နေ့ကို ညောင်ရွှေဟော်နန်းပေါ် သံဃာတော်များပင့်ဆောင်ပြီး ပထမအကြိမ် ဆွမ်းဆက် ကပ် လှူဒါန်းရေစက်ချ အမျှပေးဝေခွင့်ရခဲ့သည်။

ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့သည် ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက် နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် ဖြစ်သည့် အလျောက် စော်ဘွားကြီး၏ ကျန်ရစ်သည့် မိသားစုဝင်များ နှင့် ညောင်ရွှေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမတ်များ ဦးဆောင်ပြီး အောက်မေ့ဖွယ် အခမ်းအနား တရပ်ပြုလုပ် ခဲ့ပါသည်။

“အန်တီရဲ့ ဖခမည်းတော် လွန်ခဲ့တဲ့ ၅၅ နှစ်တုန်းက အင်းစိန်ထောင်ထဲမှာ ဆုံးသွားတယ်၊ ဆုံးသွားပြီး တော့မှ ၅၅ နှစ်ပြည့်ခဲ့ပြီ။ ဒီဟော်နန်းပေါ် တစ်ခါမှ အလှူဒါန်းပြုလုပ်ခွင့်မရဘူး ။ ပြန်လည်သတိရ တာပေါ့ ဖခင်နေခဲ့တဲ့ ဒီစံနန်း နန်းတော်မှာ သူ့ကို ပြန်ပြီး ဖိတ်ပင့်တဲ့အနေနဲ့ ခု ၅၅ နှစ်ပြည့်ပြီ ဆိုတော့ ပြည်သူတွေလည်း သိနိုင်အောင် ဒီလိုမျိုးဖြစ်ပျက်သွားတဲ့ အန်တီတို့ ဘဝ အခု ညောင်ရွှေ ဟော်နန်းကြီး ပြန်ရသေးတာလည်း မဟုတ်ဘူး။ ၁၉၆၂ က ဦးနေဝင်းက သိမ်း လိုက်တယ်။ ဟော်နန်းပြန်ရဖို့ လျှောက်ထားတာ ၄ ကြိမ်မြောက်ရှိပြီ။ ” – ဟု စော်ဘွားကြီး စဝ်ရွှေသိုက် ၏ သမီးတော် စဝ်ဟေမာသိုက် ကပြောသည်။

စော်ဘွားကြီး နတ်ရွာစံခြင်း ၅၅ နှစ်ပြည့်အခမ်းအနား သျှမ်းပြည်နယ်အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ သျှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ညောင်ရွှေဒေသခံများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ စော်ဘွားကြီး၏ ကျန်ရစ်သည့် မိသားစုဝင် များ တက်ရောက်ခဲ့သည်။

” ပထမဆုံးသမ္မတရဲ့ကျေးဇူးတွေက ကျနော်တို့နိုင်ငံမှာအများကြီးရှိတယ်။ ပင်လုံစာချုပ်ကြီးဖြစ ်မြောက်အောင် ၊ ကျနော်တို့နိုင်ငံလွတ်လပ်ရေးရအောင် စော်ဘွားကြီးကထမ်းဆောင်ခဲ့တယ် ။ အထူးသဖြင့် ဒီဒေသမှာ ဘာသာ ၊ သာသနာ ထွန်းကားအောင် စော်ဘွားကြီးကတော်တော်စွမ်း ဆောင်နိုင်ခဲ့တယ် ။ မြန်မာနိုင်ငံမှာ အကြီးဆုံး စာပြန်ပွဲတော်ကြီးကို ဒီမြို့ သေးသေးလေးထဲမှာ ရအောင် ကျင်းပနိုင်ခဲ့တယ် ၊ မြန်မာသိ ကမ္ဘာသိ ဖောင်တော်ဦး ဘုရားပွဲ တော်ကြီးကိုလဲ အစအဆုံး စီမံဆောင်ရွက်ပေးခဲ့ဖူးတယ်။ ဒီကျေးဇူးတရားတွေကို ထာဝရ သိပြီးတော့ စော်ဘွားကြီးလိုကြိုးစား သွားဖို့နဲ့ အနာဂါတ်လူငယ်တွေကို လက်ဆင့် ကမ်းပေးရင်းနဲ့ ဒီပွဲကိုကျင်းပရခြင်းဖြစ်တယ် ” ဟု အဆိုပါ ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက ရှင်းပြသည် ။

ထို့အပြင် ညောင်ရွှေဟော်နန်းတွင် စော်ဘွားကြီး၏ သမ္မတစဝ်ရွှေသိုက်မိန့်ခွန်းပြောနေပုံ ကြေးသွန်း ရုပ်ထုကိုသမ္မတကြီး၏ အုတ်ဂူ ရှေ့တွင် ထားရှိမည်ဖြစ်ပြီး ရှမ်း ၊ မြန်မာ ၊ အင်္ဂလိပ် ဘာသာ (၃) မျိုးဖြင့် မော်ကွန်းကျောက်စာရေးထိုးသွားမည်ဖြစ် ကြောင်း ဦးနေမျိုး ကပြောသည် ။

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရံပုံငွေနဲ့ စော်ဘွားကြီးရဲ့ ကြေးသွန်းရုပ်တုကို ရအောင်လုပ်မယ်လို့ ဆုံးဖြတ် ထားပါတယ်၊ ကြေးသွန်းရုပ်တုက ကျနော်တို့ သတ်မှတ်ထားတာ ၉ ပေရှိရမယ်၊ ပထမဆုံးသမ္မတကြီး စော်ဘွား ကြီး လွတ်လပ်ရေးနေ့မှာ ဝတ်တဲ့ သမ္မတ ဝတ်ရုံ အဲ့ပုံစံအတိုင်း ကြေးသွန်းရုပ်တုပြီးတော့ ဟော်ဟောင်းကွင်း ရှေ့ ထာဝရလဲလျောင်းနေတဲ့ အုတ်ဂူရှေ့မှာ သမိုင်းမော်ကွန်းတင်ပြီး စိုက်ထူသွားမယ်” ဟု ၄င်းကဆိုပါသည်။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၈၉၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ညောင်ရွှေစော်ဘွား အဖြစ် ဟော်နန်းတက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဂျန္နဝါရီလ ၄ ရက် ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော် သမ္မတ ဖြစ်လာသည်။ ၁၉၄၈ ခုနှစ် မှ ၁၉၅၂ ခုနှစ် ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ် မှ ၁၉၅၆ ခုနှစ်အထိ လူမျိုးစု လွှတ်တော်နာယက ဖြစ်လာ သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းစဉ် သားတော် စဝ်မီ ပစ်သတ်ခံရပြီး ညောင်ရွှေစော်ဘွားကြီး အားလည်း သျှမ်းစော်ဘွားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကာ ၁၉၆၂ နိုဝင်ဘာ ၂၁ ရက်နေ့ သက်တော် ၆၆ နှစ်တွင် နတ်ရွာစံခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

ခိုလမ်မြို့နယ် နွား ၁၁ ကောင် မိုးကြိုးစက်ကွင်းထိပြီး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ်တွင်း နွား ၁၁ ကောင် သည် မိုးကြိုးစက်ကွင်း ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၂၂ ရက် နေ့လည်ပိုင်း ခိုလမ်မြို့နယ် ဟိုနောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းနေချိန် နွားများ သစ်ပင်အောက်တွင် ခိုနားနေစဉ် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...