RCSS/SSA ဌာနချုပ်လွယ် တိုင်းလျဲန်း၌ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော် UWSA ကိုယ်စားလှယ်တက်ရောက်

၂၁၁၂ နှစ်မြောက် သျှမ်းလူမျိုးများ နှစ်သစ်ကူးပွဲတော် ကြိုဆိုရေး အခမ်းအနားအား သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းလျဲန်း တွင် ကျင်း ပရာမှာ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုယ်စားလှယ်တက်ရောက် ခဲ့သည်ဟု သိရသည်။

အဆိုပါခမ်းအနားသို့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုယ်စားလှယ်တော် ဖြစ်သည့် တပ်မဟာမှူး အဆင့်ရှိ ဦးတာ့ထန်း၊ ပန်ဆန်းမြို့ ရဲတပ်ဖွဲ့ ဒုရဲမှူး အဆင့်ရှိ ဦးစံကျုံး ဦးဆောင်သည့်ကိုယ်စားလှယ်တော်အဖွဲ့ တက်ရောက် သည်ဟု လွယ်တိုင်းလျဲန်းအရာ ရှိတဦးက ပြောသည်။

“ သျှမ်း လူကြီး နဲ့ ၀ ကိုယ်စားလှယ် လူကြီးတွေ အတူတကွတွေ့ရတော့ ၀မ်းသာတယ်။ ဘာဘဲဖြစ် ဖြစ် ဒီနှစ်သစ်ကူးပွဲတော်ကနေ သျှမ်းပြည်ကြီးအတွက် အလင်းတန်းတခုဘဲ။ ဘာဘဲဖြစ်ဖြစ် ၀ ဆိုတာ ကလဲ သျှမ်းပြည်မှာ အရေးပါနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုဘဲ” – ဟု အခမ်းအနား တက်ရောက်သည့် ဆရာတော် တပါးက မြွတ်ကြားသည်။

အဆိုပါတွေ့ဆုံမှုသည် သျှမ်းပြည်အရေး၊ ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေး၊ TNLA နှင့် RCSS အရေး စသည့်ကိစ္စရပ်များ အလွှတ်သဘော ဆွေးနွေးကြသည်ဟု ဆိုသည်။

ဩဂုတ်လလယ်ပိုင်းတွင် ထိုင်းနယ်စပ်၌လည်းကောင်း၊ ဩဂုတ်လ နှောင်းပိုင်းတွင် ပန်ဆန်းမြို့ ၌ လည်းကောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ် နှင့် UWSA ဝ တပ်မတော် ကိုယ်စားလှယ်တို့ တွေ့ဆုံကြပါသေးသည်။

ဝ တပ် UWSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ၏ ဦးဆောင်အဖွဲ့ဖြစ်ပြီး၊ RCSS/SSA မှာမူ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ တွင်ပါဝင်သည်။

UWSA နှင့် RCSS တို့သည် ၂၀၀၀ – ၂၀၀၁ ခုနှစ်တွင်တကြိမ်၊ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် တကြိမ် ထိုင်းသျှမ်းနယ်စပ် တကြောရှိ RCSS/SSA တပ်စခန်းများအား အစိုးရ တပ်မတော် နှင့်အတူ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

Photo : RCSS/SSA

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သုံးနှစ်ခန့် လဲချားမြို့နယ်တွင် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

သေနတ်ပုံ ဖုန်းကာဗာ ကိုင်လာသည့် သံဃာကြောင့် ဆေးရုံမှ လူနာများ အထိတ်တလန့်ဖြစ်

0
ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း...