တရုတ်နိုင်ငံအတွင်းရှိ မဲခေါင်မြစ်ပေါ်ကဆည်တခု တရုတ်အစိုးရ ရေလျှော့လွှတ်မည်

လာမည့် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား သျှမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျိုင်းဟုန်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ပေါ်က ဆည်ရေတခု ရေလျှော့လွတ်မည်ဟု တရုတ်နိုင်ငံ ဒေသအတွင်း ရေးထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါသည်။

ဒီဇင်ဘာ ၇ ရက်မှ ၂၀ ရက်နေ့အထိ ၁၃ ရက်ကြာ ရေလျှော့လွှတ်မည်ဖြစ်ကြောင်း၊ တစက္ကန့် လျှင် ရေစီးဆင်းမှု ၅၀၇ ရေကုဗမီတာ လျှော့လွတ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသဖြင့် မြစ်ဝှမ်းတ လျှောက်နေ ဒေသခံများ ခရီးသွား ကုန်သည်များ အခက်တွေ့နိုင်သည်ဟု ဆွပ်လွေနေ စက်လှေသမား စိုင်းတစ်က ဤကဲ့သို့ပြောသည်။

“မနေ့က ထုတ်ပြန်တယ်လို့ ပြောတယ်။ လာမယ့်လထဲမှာ ရေတွေပိတ်ထားမယ်ကြားတယ်။ ဒီမြစ် ကြောင်းပေါ် သွားလာနေတဲ့ စက်လှေအကြီးစားတွေ၊ ရေပေါ်ရှပ်ပြေးယာဉ်တွေ၊ အခက်တွေ့နိုင်တယ်။ ကျောက်ဆောင်တွေ သောင်တွေ ပေါ်လာရင်သွားလာရေးက အရမ်းသတိထားရတယ်” – ဟု ဆိုသည်။

အဆိုပါဆည်မှ ရေထိန်းသိမ်းရေးအာဏာပိုင်က ပုံမှန်ရာသီတွင် တစက္ကန့်လျှင် ရေကုဗမီတာ ၈၀၀၀ မှ ၁၅၀၀ မိုးရာသီတွင် ၂၀၀၀ – ၂၂၀၀ အထိ ရေများလွှတ်ချသည်ဟု ထိုင်းနိုင်ငံ မန်နေဂျာအွန်လိုင်းက ရေးသားထားသည်။

ထိုင်းကူးသန်းရောင်းဝယ်ရေး အရာရှိတဦးကလည်း – “ တရုတ်အစိုးရ ကဆည်ပြန်ပြင်ဖို့ ရေတွေ ခဏ လျှော့ပိတ်မယ်ဆိုတော့ ဒီမြစ်ဝှမ်းနေ ၆ နိုင်ငံစလုံး ထိခိုက်တာဘဲ။ အဓိက ဒီနိုင်ငံတွေရဲ့ကူးသန်းရောင်း ဝယ်ရေးကိစ္စပေါ့” – ဟု ဆိုသည်။

တရုတ်နိုင်ငံ မှ မြစ်ဖျားခံလာသည့် မဲခေါင်မြစ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ သျှမ်းပြည်အရှေ့ပိုင်း (ပြည်ထောင်စုမြန်မာနိုင်ငံ) ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ အား ဖြတ်ကျော်စီးဆင်းကာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမြို့ အနီး တောင်တရုတ်ပင်လယ်အတွင်း စီးဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...