နမ့်ဆန်တွင်ဖမ်းဆီးကာ ထောင်ချခံထားရသည့် ၈ တန်းကျောင်းသားအမှု ပြန်လည်စီစစ်ပေးရန် လွှတ်တော်ထံ SNLD မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တောင်းဆို

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည့် တအောင်း ကျောင်းသား၏ အမှု နှင့် ပတ်သက်ပြီး ပြန်လည် စိစစ်သုံးသပ်ပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်ရှိ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုံးကျော်က ပေးပို့တောင်းဆိုခဲ့သည်။

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရသည့် နမ့်ဆန်မြို့မှ အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မိုင်းချိုမင်းထွေးအား အမှုပြန်လည်စီစစ်ပေးနိုင်ရန်အတွက် နိုဝင်ဘာ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ထံသို့ မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းအုံးကျော် ကတောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။

“အခုလောလောဆယ်တော့ ဒီမှာတောင်းဆိုထားတာကတော့ ဒီလူငယ်တွေ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ တယ်ဆိုတော့ ပယ်ဖျက်ပေးနိုင်ဖို့ အတွက် လိုအပ်သလို လေ့လာစိစစ်သုံးသပ်ဆောင်ရွက်ပေးဖို့ တောင်းဆို ထားတယ်။ ဒီကရလာတဲ့ အဖြေပေါ်မှာ နည်းနည်း စောင့်ကြည့်ရမယ်။ သူတို့ ဘယ်လို စီစဉ်သုံးသပ်လာမလဲ ဆိုတာ အဲ့ပေါ်မှာမူတည်ပြီးတော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ သိမယ်” ဟု ၄င်းကပြောသည်။

အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၅ နာရီခန့်က နမ့်ဆန်မြို့ပြင် စစ်ဆေးရေးဂိတ်၌ မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း (၁၀၅) မှ ဗိုလ်ကြီး သူရထွန်းဦး က မိုင်ချိုမင်းထွေးအားတာဆီးစစ်ဆေးရာ ၄င်း၏ မိုဘိုင်းဖုန်းတွင် တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ဆက်စပ်သည့် ဓာတ်ပုံတွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီးပြီး တပ်ရင်း(၃၂၄) စခန်းတွင် ရ ရက်တိုင်တိုင် စစ်ဆေးခဲ့ကြောင်း သိရသည်။

“အသက် ၁၄ နှစ်အရွယ်ပဲရှိတယ် ကျောင်းသား အရွယ်လည်း ဖြစ်တယ်ဆိုတော့ ဒါက မဖြစ်သင့်တဲ့ကိစ္စ အသက်လည်း ငယ်သေးတယ် သူ့ရဲ့ ရှေ့ရေး ပညာရေး တွေ ရှိသေးတယ်။ ဒါမျိုး မဖြစ်သင့်ဘူး။ အဲ့တော့ ဒီကိစ္စကို ထဲထဲဝင်ဝင်ကြိုးစားပြီးတော့ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုံးကျော် ကပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့တွင် တပ်မ (၇၇) မှ ဗိုလ်မှူးမြင့်မောင်မောင်စိုး က တရားလိုပြုလုပ်ကာ မိုင်းချိုမင်းထွေးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုပြီး နမ့်ဆန်မြို့နယ် တရားသူကြီးက ထိုနေ့မှာပင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၂ နှစ်ကို ချမှတ်ကာ ကလေးသူငယ်ပြုပြင်ရေး သင်တန်းကျောင်းတွင် ထိ်န်းသိမ်းထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...