ရွာတွင်း သေနတ်ပစ်ခတ်မှုကြောင့် ကျင်းပနေသည့် သျှမ်းနှစ်သစ်ကူးပွဲတော် ပွဲလှန့်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုတွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်ဒုတိယညတွင် သေနတ်ပစ်ဖောက်မှုကြောင့်ဒေသခံလူထု ထိတ်လန့်ကာ ပွဲပျက်သွားကြောင်း သိရသည်။

နို၀င်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပသော မိုင်းယုအုပ်စု သျှမ်းနှစ်သစ်ကူးပွဲတော်၌ ပွဲတော်ဒုတိယညတွင် လက်နက်ကိုင်အဖွဲ့တဖွဲ့မှ သေနတ်ပစ်ခတ်ရာ ပွဲလှန့်ကာ စောစီးစွာပွဲပျက်ခဲ့ကြောင်း မိုင်းယုဒေသခံ စိုင်းလျောဝ်စတ့် က သျှမ်းသံတော်ဆင့်အားပြောသည်။

“၉ နာရီမထိုးခင်တုန်း တအာင်းလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ မိုင်းယုနဲ့ ပန်လော့တွေမှာရှိတဲ့ ငါးဖမ်းဂိမ်း လောင်းကစား တွေကိုဖမ်းဆီးရှင်းလင်းဖို့ ဆိုပြီး မိုင်းယုနဲ့ ပန်လော့ကြားက တံတားမှာစောင့်တယ်။ ရွာကနေပွဲလာတဲ့သူတွေ ပြန်မယ်ဆိုတော့လည်းပေးမပြန်ဘူး။ အဝင်အထွက်အားလုံးပိတ်ထားလိုက်တယ်။ ဆိုတော့ရွာပြန်မယ့် လူတွေ မပြန်နိုင်ဘဲ ပွဲလုပ်နေတဲ့ ဇေယျာသီရိမွေတော် မိုင်းယု ဘုန်းကြီးကျောင်းဆီ ကိုပြန်လာနားရတယ်။ အဲ့နောက်ပိုင်းမကြာမှီမှာဘဲ သေနတ်ပစ်သံကြားလို့ ပွဲလှန့်ပြီး လူတွေအသီးသီး အိမ်ပြန်ကုန်ကြတယ်။ ပွဲလဲ တခါတည်း စဲသွားတယ်။ ည ၉ နာရီမှာ ပွဲပျက်သွားတယ်။ ဘယ်အဖွဲ့က ပစ်သလဲတော့မသိဘူး။ ပန်လော့ဘက်က ငါးမန်းဂိမ်းလောင်းကစားဝိုင်း ၂ ၀ုိင်းရှိတာတဝိုင်းဘဲဖမ်းသွားတယ်။ မိုင်းယုဘက်မှာကျတော့ လာဖမ်းတာမတွေ့ဘူး ”- ဟု စိုင်းလျောဝ်းစတ့်က ပြောသည်။

အဆိုပါအခင်းဖြစ်ပွါးမှုတွင် သေနတ်ပစ်ခတ်သံ ၁၀ ချက်မက ကြားခဲ့ရကြောင်း၊ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုတော့အသေအချာမသိရကြောင်း မိုင်းယုဒေသခံများကပြောဆိုသည်။

မိုင်းယုအုပ်စုသည် ကွတ်ခိုင်မြို့နှင့် ၁၉ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။

Photo-ပွဲလှန့်ပြီး အိမ်ပြန်ကြသည့် ရွာသားများ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

ရောင်နီဆည်းဆာများ

0
  သီပေါစော်ဘွား နောက်ဆုံးမင်းဆက် စော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်သူ သြစတြီးယားသူ စဝ်သုစန္ဒီ ( Inge Sargent) က Twilight...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...