အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအတွက် သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံဆွေးနွေးဖို့လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ND မကျင်းပနိုင်သေးသော်လည်း သျှမ်းခေါင်းဆောင်များ၊ တတ်သိပညာရှင်များ တွေ့ဆုံကာ နိုင်ငံရေးအတွက် ပြင်ဆင်မှု ပြုလုပ်ထားသင့်သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။

လာမည့်ဒီဇင်ဘာလ တွင် ငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်ကျင်းပရန် မြန်မာအစိုးရ ဘက်က ပြင်ဆင်နေချိန် အစိုးရကိုယ်စားလှယ်နှင့် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားကိုယ်စား လှယ်အဖွဲ့ ၈ ဖွဲ့ EAOs တို့ နို၀င်ဘာလ ၁၇ မှ ၂၀ ရက်နေ့အထိ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

သျှမ်းအမျိုးသားအဆင့် ND ကို တောင်ကြီး သို့မဟုတ် ပင်လုံတွင်ကျင်းပရန် အစိုးရ တပ်မတော်ပိုင်းက ခွင့်မပြုဘဲ RCSS/SSA ထိန်းချုပ်နယ်မြေ လင်းခေး၊ မိုင်းပန် သို့မဟုတ် မိုင်းတော့ မိုင်းထားတွင်ကျင်းပ ရန်ပြောဆိုသည့်အပေါ် သျှမ်းခေါင်းဆောင်အများစုက လက်မခံကြပေ။

သို့သော်လက်ရှိတွင် CSSU အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် RCSS/SSA ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ်က -“ ND က တကြိမ်တည်းလုပ်ပြီး ပြီးတာမဟုတ်ဘူးလေ။ အကြိမ်ကြိမ်လုပ် ရမယ်ဆိုတော့ ။ တကယ်လို့ တောင်ကြီး သို့မဟုတ် ပင်လုံမှာမလုပ်ရရင် ကျနော်တို့မလုပ်တော့ ဘူးလား …ပေါ့။ ကျနော့်အနေနဲ့တော့ ND မလုပ်ဖြစ်သေးတာတောင်မှ တတ်သိပညာရှင်တွေကို ခေါ်ပြီးဆွေးနွေးမယ်။ နောက်တခုက ND အတွက် ပြင်ဆင်ရေးဆွေးနွေးရေး CSSU အဖွဲ့ဝင်ခေါင်းဆောင်တွေ ဆွေးနွေးရဦးမယ်။ ဒါမှမဟုတ် နိုင်ငံရေးဂုဏ်သိက္ခာကိုဘဲစောင့်ထိန်းမလား သို့မဟုတ် နိုင်ငံရေးလို အပ်ချက် အတွက် အဆင်ပြေတဲ့နေရာမှာလုပ်မလား -ဆွေးနွေးကြရမှာလေ ” – ဟု သျှမ်းသံတော်ဆင့်အား ဖြေကြားသည် ။

သျှမ်းပြည်သူလူထုဆန္ဒရရှိအရေးအတွက် အဓိကအရေးကြီးသဖြင့် ဆွေးနွေးပွဲလုပ်မည့်နေရာမှာ အရေးမကြီး ကြောင်း၊ စော်ဘွားများလက်ထက်ကလည်း တွေ့ဆုံဆွေးနွေးမှုကို မြို့ကြီးပြကြီးများတွင် မလုပ်သည်များ လည်းရှိကြောင်း၊ အကယ်၍ ND မလုပ်ဖြစ်ပါကရှေ့ဆက်နိုင်ငံရေးဆွေးနွေးရေးမလုပ်တော့ဘဲ ရပ်တန့်မည် လော ဟု မေးစရာဖြစ်နေကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။

တပ်မတော် သဘောထားအတိုင်း RCSS/SSA ထိန်းချုပ်နယ်မြေ မိုင်းတော့၊ မိုင်းထား တွင် သျှမ်းအမျိုး သားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် NLD အစိုးရ ကလည်း တိုက်တွန်းထားသည်။ သျှမ်းပြည်နယ် တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့သာရှိသည်။ ထိုအနက် PNLO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါ၀င်သည့် ပအိုဝ်းလူမျိုးသာ ကျင်းပပြီး သျှမ်းပြည်တပ်မတော် RCSS/SSA ပါ၀င်သည့် သျှမ်းလူမျိုးများမှာမူ ကျင်းပနိုင်ခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်လန် – ကျောက်ဂူလမ်းရှိ လက်နက်ကိုင်ပေါင်းစုံ ငွေကြေးတောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွားလာသည့် လမ်းဖြစ်သည် နမ့်လန်-ကျောက်ဂူလမ်းတွင် လက်နက်ကိုင်ပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ နမ့်လန် - ကျောက်ဂူ လမ်းပိုင်းရှိ နောင်ဝိုးကျေးရွာ အနီးရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ၏ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင်များအပြင် ခရီးသည်များ၏...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

လားရှိုး-မန္တလေး ကုန်သွယ်ရေး အရေးပါးသည့် သီပေါတံတား ခရီးသည်ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသည့် သီပေါတံတားကို ခရီးသည်များကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ လားရှိုး-မန္တလေး ကုန်သွယ်ရေးအတွက် အရေးပါသည့် သီပေါတံတားကို (၈)လကြာ ပိတ်ဆိုင်းထားရမှာ ယမန်နေ့ (ဇူလိုင် ၂၁)ရက် မှ စပြီး ခရီးသည်များကို ပြန်လည် ဖြတ်သန်းခွင့်ပြုလုပ်ကြောင်း သီပေါမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...