နိုင်ငံကျော်တေးရေးဆရာ စိုင်းခမ်းလိတ်အား မူစယ်သျှမ်းစာ/ယဉ်က စဝ်ဆေခန်ဖှဆုချီးမြင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်၌ ထူးချွန်ပုဂ္ဂိုလ်များအား နှစ်စဉ်ပေးအပ်မြဲ ဖြစ်သော စဝ်ဆေခန်ဖှ (သိုခန်ဘွား) ဆုကို ယခုနှစ် ဒေါက်တာစိုင်းခမ်းလိတ်အား ရွေးချယ်ကာ အပ်နှင်းခဲ့ကြောင်းသိရသည်။
သျှမ်းနှစ်သစ်ကူးပွဲတော်အား မူစယ်မြို့လွယ်တိန်ခမ်းကျောင်းတိုက်တွင် နို၀င်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

မူစယ်မြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှလူငယ်ခေါင်းဆောင် စိုင်းဟင်လိတ်က – “ကျနော်တို့ ဒီဆုကို စာပေပိုင်းဆိုင်ရာမှာထူးချွန်ထက်မြက်သူ၊ လူမှုရေးအသိုင်းအဝိုင်းမှာ တက်ကြွလှုပ်ရှားသူ၊ အနုပညာပိုင်းမှာ ထူးချွန်ထက်မြက်သူတွေကိုရွေးချယ်ပြီး ချီးမြှင့်ပေးအပ်တယ်။ ဒီနှစ်မှာတော့ကျနော်တို့ ဆရာ ဒေါက်တာစိုင်းခမ်းလိတ်ကို စဝ်ဆေခန်ဖှ ဆု ချီးမြင့််အပ်နှင်းတယ်။ ရွှေတကျပ်သား ဆွဲပြားနဲ့ ဂုဏ်ပြုလွှာပေါ့”- ဟု သျှမ်းသံတော်ဆင့်အား ရှင်းပြသည်။

နို၀င်ဘာလ ၁၉ ရက်နေ့က မူစယ်ရပ်ကွက် ၂ ရှိ မောက်ကော်ဆွဲ့ခန်းမ တွင် ဆရာစိုင်းခမ်းလိတ်အား ဂုဏ်ပြုဆုချီးမြှင့်ကာ ကန်တော့ခြင်းအခမ်းအနားကျင်းပခဲ့သည်ဟုသိရပါသည်။

ယမန်နှစ်က စစ်ရေးအခြေအနေကြောင့်မူစယ်မြို့တွင် သျှမ်းနှစ်သစ်ကူးပွဲတော်မကျင်းပခဲ့ရပေ။ မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီသည် ထူးချွန်သူများအား စဝ်ဆေခန်ဖှ ဆုချီးမြှင့်လာခဲ့သည်မှာ ခရစ်သက္ကရာဇ် ၂၀၀၀ ခုနှစ် (သျှမ်းသက္ကရာဇ် ၂၀၉၅ ခုနှစ်) ကတည်းကဖြစ်ပါသည်။

၂၀၉၅ ခုတွင် တေးရေးဆရာ စိုင်းမောဝ်ခမ်းမူစယ်အားလည်းကောင်း၊ ၂၀၉၆ ခုနှစ်တွင် သျှမ်းစာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူ သျှမ်းစားပေပညာရှင် ဆရာကြီးလုံးတန်းကေး တောင်ကြီးအားလည်းကောင်း၊ ၂၀၉၇ တွင် သမိုင်းနှင့်စာပေ ပညာရှင် ဆရာစိုင်းအောင်ထွန်း ရန်ကုန်အားလည်းကောင်း ၂၀၉၈ တွင် လူမှုရေးပိုင်းဆိုင်ရာ လှုပ်ရှားသူ ဆရာ လုံးဆေဟုံမိန်း နမ့်ခမ်းအားလည်းကောင်း ချီးမြှင့်ခဲ့သည်။ ၂၁၀၇ တွင်သျှမ်းစာပေပညာရှင်ဆရာလုံးစိုင်းဖှ နမ့်တူ အား ဆုပြန်လည်ချီးမြှင့်ခဲ့သည်။ ၂၁၁၂ ခုသျှမ်းနှစ်သစ်ကူး ယခုနှစ်တွင် ဆရာစိုင်းခမ်းလိတ်အား ၆ ဦးမြောက် ဆုရှင်အဖြစ် ဆုချီးမြှင့်ခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...