NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များEAOs ရုံး ရန်ကုန်မြို့တွင်ဖွင့်လှစ်မည်

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နက်ြဖန် နိုဝင်ဘာ ၁၈ ရက်နေ့ ဖွင့်လှစ် မည်ဖြစ်ကြောင်းသိရှိရသည်။

ကမာရွတ်မြို့နယ် ရွှေလီလမ်း တိုက်အမှတ် ၆ တွင် ဖွင့်လှစ်မည့် တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ရုံးအား NCAS-EAO (Nationwide Ceasefire Agreement – Signatories, Ethnic Armed Organization Office) ရုံး ဟု အမည်ပေးကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ အပစ်ရပ်စာချုပ်လက်မှတ် ထိုးစဉ် သက်သေ အဖြစ်ပါဝင်သည့် UN, EU, China, India, Thai နှင့် Japan တို့အား ဖိတ်ကြားမည်ဖြစ်ကြောင်း ကြားသိရသည်။

NCAS-EAOs ရုံးဒါရိုက်တာမှာ ဆလိုင်းအောင်ြမင့် ဖြစ်ပြီး – NCAS-EAOs ရုံး နှင့် EAOs တို့အကြား ဆက်ဆံရေးတာဝန်ခံများက ပဒိုတာဒိုမူး၊ ဆလိုင်းထလာဟဲ၊ ရဲဘော်မျိုးဝင်း နှင့် စိုင်းလျဲန်း တို့ ဖြစ်ကြောင်း ကြားသိရသည်။

အဆိုပါ ဖွင့်လှစ်မည့်ရုံးနေရာသည် အစိုးရပိုင် အဆောက်အဦး ဖြစ်ပြီး အစိုးရ ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရုံးအနီးတွင် တည်ရှိကြောင်းသိရသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှာ – ကရင်အမျိုးသား အစည်းအရုံး KNU ၊ သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ RCSS၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားတပ်မတော် ABSDF ၊ ရခိုင်ြပည်လွတ်မြောက်ရေးပါတီ ALP ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ကရင်အကျိုးပြုတပ်မတော် DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-PC တို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

သျှမ်းပြည်တွင် မြေရှားသတ္တုလုပ်ကွက်ပေါင်း (၉၀) နီးပါးအထိ တိုးလာနေ

0
သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တုတူးဖော်မှုများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် တိုးချဲ့လာနေပြီး လက်ရှိတွင် မြေရှားသတ္တုတွင်း ၈၆ နေရာအထိ ရှိလာပြီ ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Stimson Center ၏ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားများအရ သိရသည်။ Stimson Center ၏ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံတစ်ဝန်းတွင် မြေရှားသတ္တုတွင်းပေါင်း ၆၀၀...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...