ကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် အပစ်ရပ်ထားသည့် RCSS တို့ တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် တောင်ကြီး – ကျိုင်းတုံ ကားလမ်းတောင်ဘက် ခြမ်းတွင် အစိုးရ တပ်မတော် နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေး လုပ်ရာမှ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၇ ခု နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရ သည်။ “လူထုတော့ ဘာမှမဖြစ်ဘူး။ တပ်ဘက်လဲ လူထုကို ပြဿနာရှာတယ်လို့ မကြားမိဘူး။ သေနတ် သံတော့နှစ်ဘက်လုံးကြားရတယ်။ ၁၉ ရက်နေ့ ညနေ ပိုင်းက ဖြစ်တာ” – ဟု ဒေသခံ ရပ်မိရပ်ဖ တဦးက ပြောသည်။

ကွန်းမြို့နယ်တွင် တောင်ကြီး – ကျိုင်းတုံကားလမ်းတောင်ဘက်ခြမ်း အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များ အစဉ်သွားလာလှုပ်ရှားကြောင်း၊ အစိုးရတပ်မတော် စစ်ကြောင်း သွား ရောက်လှုပ်ရှားသည်ဟု သိရသော်လည်း မည်သည့်အဖွဲ့က မည်သူ့ကို ပစ်ခတ်သည် ဆိုတာ မသိရကြောင်း ကျားခေါင်းပါတီ ပြည်နယ် လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ် စိုင်းအောင်ကျော်ဦးက သျှမ်းသံတော်ဆင့်သို့ ဤသို့ပြောသည်။

“ သေနတ်သံထွက်တာ ၁၅ မိနစ်လောက်ဘဲ ။ နမ့်ပါမန်း ရွာသားတွေကို ဝမ်တုံ ဘက်ပေးမသွားဘူး။ တပ်မတော်စစ်ကြောင်းဘက်က ဟန့်တားထားတာ။ ကာလိဘက်ဆို သွားလို့ရတယ်။ တိုက်ပွဲ တော့တကယ်ဖြစ်ပွါးခဲ့တယ်လို့ ကြားရပါတယ်။ RCSS/SSA ဘက်ကတော့ သူတို့ ဘက်ကနေ တပ်မတော်စစ်ကြောင်းကို ပစ်ခတ်တာမရှိဘူးလို့ ပြောတယ် ” – ဟု စိုင်းအောင်ကျော်ဦး ကပြောသည်။

နှစ်ဘက်တိုက်ပွဲ အမှန်တကယ်ဖြစ်ပွားကြောင်း ကွန်ဟိန်းဗျူဟာကုန်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသော် လည်း တိုက်ပွဲနှင့်ပတ်သက်သည့်သတင်းမေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေကြားပေး ခြင်းမရှိပေ။

အဆိုပါဒေသဘက်တွင် နိုဝင်ဘာ လဆန်းပိုင်းမှစ၍ ယနေ့အထိ ကျိုင်းတောင်းအခြေစိုက် ခမရ ၅၆၉ နှင့် တာကော် ဟိုတန့်အခြေစိုက် ခလရ ၂၉၆ တို့ပူးပေါင်း လှုပ်ရှားကာနယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲမှာ သစ်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး ဖြစ်ပွါးသည့်တိုက်ပွဲဟု ပြောဆိုကြသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

0
သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​ အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...