ပန်ဆန်းမြို့၌ကျင်းပသည့် သျှမ်းနှစ်ကူးပွဲတော် သျှမ်းပြည်နယ်အလံထူခွင့် ဝ အာဏာပိုင်ဟန့်တား

သျှမ်းပြည်မြောက်ပိုင်း ပန်ဆန်းမြို့၌ ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော်အား ဗုဒ္ဓဘာသာ အလံသာ ထူခွင့်ပေးပြီး ဆိုင်းဘုတ်တွင်သော်လည်းကောင်း၊ တိုင်ဖြင့်သော်လည်းကောင်း ထူထားသည့် သျှမ်းပြည်နယ်အလံအား ဖြုတ်ချရန် ၀ အာဏာပိုင်များက ပွဲဖြစ်မြောက်ရေးကော်မတီအား ညွှန်ကြား ထားသည်ဟုသိရသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၂၁၁၂ ကြိမ်မြောက် သျှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်အား သျှမ်းပြည် အနယ်နယ် အရပ်ရပ် နှစ်သစ်ကြိုဆိုပွဲကျင်းပသကဲ့သို့၊ ပန်ဆန်းမြို့နယ်အတွင်းရှိ သျှမ်းလူမျိုးများကလည်း ကောင်းမူးလုံ၌ ကျင်းပကြောင်း၊ သို့သော် သျှမ်းပြည်နယ်အလံအား လွှင့်ထူခြင်း မပြုရန် ဝ အာဏာပိုင်များက တားမြစ်ထားကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင်တဦးက ဤကဲ့သို့ပြောသည်။

“ပွဲစင်မြင့်ပေါ် နောက်ခံ ပန်းချီအလှပြင်ဆင်မှုမှာ လူငယ်တွေက ဝါ စိမ်း နီ နဲ့ အလယ် လဝန်းပါ သျှမ်းပြည်နယ်အလံလုပ်ထားတယ်။ လ ဝန်း မထည့်ပဲ ဝါစိမ်းနီဘဲရေးဖို့ ပြင်ခိုင်းတယ်။ ပန်ဆန်းမြို့ရဲ့နောက်မှာ ၀ ပြည်နယ် ဆိုတဲ့ စကားလုံးပါထည့်ရေးခိုင်းတယ်။ ပွဲဧရိယာအတွင်း အလံ တိုင်စိုက်ထူ ခွင့်ကတော့ ပြီးခဲ့တဲ့ ၃-၄ နှစ်ကတည်းက ဟန့်တားထားတော့ ဒီနှစ်လဲ မရှိဘူး” – ဟု ပန်ဆန်းမြို့နယ်အတွင်းနေ သျှမ်းအမျိုးသား တဦးကပြောသည်။

UWSA ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း မြို့နယ် တွင် ပန်ဆန်းမှ လွှဲ၍ ကျန်မြို့နယ်များ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပခွင့်မပေး ဟု ဆိုသည်။

သျှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပခွင့်နှင့်ပတ်သက်ပြီး ပန်ဆန်းမြို့လုံခြုံရေး တာဝန်ကျ ၀ အရာရှိတဦး က – “ကျနော်တို့ ၀ ပြည်နယ် မှာ တန်းတူ အခွင့်အရေး အားလုံးပေးထားတယ်။ ဒီလူမျိုးက ဒီလိုလုပ်ရင် ဟိုလူမျိုးလည်း တမျိုးထပ်လုပ်လိုမယ်။ အဲလိုဆိုရင် ညီညွတ်ရေးကို ထိခိုက်စေမယ်။ ကျနော်တို့ မပေးလို့မဟုတ်ဘူး။ ပေးတယ်။ သျှမ်းစာတွေလဲ ရေးခွင့်ပြုထားတာဘဲ” – ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။

“အလံကတော့ သာသနာအလံကလွဲလို့ ပေးမသုံးဘူး။ တိုင်စိုက်ထူခွင့်မပေးဘူး။ နှစ်သစ်ကြိုတဲ့ အချိန် ၁၈ ရက်နေ့ ညသန်းခေါင်ယံ ၁၉ ရက်နေ့အကူး သျှမ်းနှစ်သစ်ကူးနေ့ ကိုကြိုဆိုဖို့တော့ လက်ကိုင် အလံငယ်လေးတွေ ကိုင်ပြီး ဝှေ့ယမ်းလို့ရတယ်တဲ့။ ဘာဖြစ်ဖြစ် နှစ်သစ်ကူး ဆိုတော့ လွတ်လွတ်လပ်လပ်ပျော်ရွှင်ခွင့်တော့ပေးသင့်တယ်။ နိုင်ငံရေးလဲ မဟုတ်ဘူးလေ” – ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ဝင် တဦးက ပြောသည်။

သျှမ်းနှစ်သစ်ကူးပွဲတော်အား တရုတ်နိုင်ငံ တယ်ဟုန်(တိုင်ခုံး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော် မိုင်းခွန် (မံစီ) မြို့တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချိန်းမိုင် တို့အပြင် မလေးရှား၊ စင်္ကာပူ၊ အမေရိကန်၊ အင်္ဂလန် တို့တွင်လည်း အသီးသီးကျင်းပကြသည်။

နန်ချိုနိုင်ငံ စဝ်အူးတိန်ဖှ သားတော် စဝ်ခွန်ဟောင် ခေါ် စဝ်ခွန်ယီ က မဇ္ဇျိမဒေသမှ ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓကျမ်းကန်ကို မောသျှမ်းမြေသို့ ပင့်ဆောင်ရောက်ရှိသည့်နှစ်၊ ဗုဒ္ဓသာသနာ နှစ် ၄၅၀ က ရှိနေသည့် သျှမ်းသက္ကရာဇ်ဟောင်းကိုဖြိုဖျက်ကာ သျှမ်းနှစ်အသစ် ပြန်စလာသည်မှာ ယနေ့ နှစ်ပေါင်း ၂၁၁၂ ရှိလာပြီဟု သျှမ်းသမိုင်းပညာရှင်များကရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

စရိတ်ကြီးမားမှုကြောင့် G-Z များ အိမ်မွေးတိရိစ္ဆာန်များ မွေးရန် ပိုရွေးချယ်လာ

0
ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း အလျင်အမြန်ကျဆင်းလာနေပြီး နေထိုင်စရိတ်ကြီးမြင့်လာမှုများကြောင့် မိသားစုဘဝထူထောင်ခြင်းအပါအဝင် ဘဝ၏အရေးကြီးသော ဆုံးဖြတ်ချက်များကိုပါ ရပ်ဆိုင်းလာနေကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။ ယမန်နှစ်က မွေးဖွားသူဦးရေ ခန့်မှန်းခြေ ၄၁၆,၅၀၀ ဦးသာ ရှိခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် သိသာစွာ နည်းလာစေပြီး လူဦးရေဆိုင်ရာအကျပ်အတည်းများဖြစ်ပေါ်လာနေလျက်ရှိသည်။ Deloitte ၏...