Friday, February 20, 2026

CATEGORY

စစ်ရေး

မိုင်းဖုန်းဆရာ‌တော်တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များ ဖျက်ဆီးခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များကို အမည်မသိ လူတစ်စုက ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်အတွင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု နယ်မြေ (က) ရှိ မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီရှိ ထီးတော်များကို အမည်မသိ လူတစ်စုက...

ပြင်ဦးလွင်အနီး တိုက်ပွဲပြင်းထန်၊ မြို့စွန့်ခွာပါက နေအိမ်ဖောက်ထွင်း လုယက်ခံရမည်ဟု စစ်ကောင်စီ ဝါဒဖြန့်

နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့အနီး စစ်ကောင်စီ စစ်ကြောင်းများ ဖြန့်ခွဲ၍ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေစဥ်ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေးပါက ကျန်ရှိ နေအိမ်များ ဖောက်ထွင်းလုယက် ခံရမည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေကြောင်း မြို့ခံများက ယနေ့ (အောက်တိုဘာလ ၂၄...

လားရှိုးမြို့ပေါ် တစ်ရက်တည်း (၄)ကြိမ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ

ယနေ့ (အောက်တိုဘာလ ၂၃ ရက်) နံနက် ၈ နာရီခွဲကျော်မှ စတင်ပြီး လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာအုပ်စု နမ့်ခိုက်ရှိ “ရိုးရာ” ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်က (၂) ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒုတိယအကြိမ်အဖြစ် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ ဟက်ကာကျေးရွာတွင်...

“မုဒိမ်းမှုကို ဥပေက္ခာပြုနေကြတယ်”

“တခါတလေ အသက်မရှင်ချင်တော့ဘူး။ ကလေးမျက်နှာကြောင့်သာ အားတင်းပြီး နေနေရတာ” လို့ မငယ်က သူ့သားလေးကိုကြည့်ရင်း လေသံတိုးတိုးလေးနဲ့ ပြောလာပါတယ်။ မငယ်သည် အသက် နှစ်နှစ်အရွယ်ရှိ သားငယ်ကို ပွေ့ချီရင်း၊ ဆူပူရင်း၊ ငြီးတွားရင်းနဲ့ စိတ်ပျက်ဝမ်းနည်းနေပါတယ်။ သူဟာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး၊ မိဘနှစ်ပါးကို နေ့စားလိုက်ရင်း ရှာဖွေကျွေးမွေးနေပါတယ်။...

ပင်လောင်းမြို့နယ်ရှိ စက်လှေဂိတ်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စက်လှေဂိတ်တစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြား ဆောင်လန်ကျေးရွာရှိ စက်လှေဂိတ်တစ်ခုကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရန် ပို၍ ခက်ခဲနေကြောင်း အသက်...

လားရှိုးမြို့အဝင်ရှိ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ၊ MNDAA မြေပြင်မှ ပြန်လည်ပစ်ခတ်ဟုဆို

သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ “ရိုးရာ”ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၃ ရက်) နံနက် ၈ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မြို့ဝင်ဆိုင်းဘုတ်အနီး နမ့်ခိုက်ကျေးရွာရှိ...

နမ့်ဆန်မြို့နယ် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၁ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်...

မြောက်ပိုင်းမဟာမိတ်အချင်းချင်းကြား နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာ

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိလာသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အကြား မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များအချင်းချင်း နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာခဲ့ကြောင်း စုံစမ်းသိရသည်။ ယခု အောက်တိုဘာလအတွင်း မူဆယ်၊ ကွတ်ခိုင်နှင့်...

ပင်လောင်းမြို့နယ်ကို စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်းနှင့် တက်တောင် စသည့် ကျေးရွာများတွင် စစ်ကောင်စီ၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ကရင်နီ တော်လှန်ရေး...

လားရှိုးမြို့ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိးမြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၁ရက်)နေ့ ညသန်းခေါင်ရံချိန် ၁၂ နာရီဝန်းကျင်တွင် လူအိပ်ရေးမောကျချိန် လားရှိုးမြို့ (၁၂) ရပ်ကွက် ရှမ်းတောင်တန်းလမ်းကြား မန်ဆူဘုရားမရောက်ခင် စစ်ကောင်စီ ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး အဆောက်အအုံများ ပျက်စီးသွားသည်ဟု...

Latest news