ရွာငံတွင် PDFစခန်းတစ်ခုကို စစ်ကောင်စီသိမ်း၊ ကျေးရွာတွင်း ဖုန်းသုံးပြုခွင့်ပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် ၊နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ရွာခံများကို ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားကြောင်း သတင်းရင်းမြစ်များမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှ စပြီး နွားဘန်းကြီးရွာအတွင်း စစ်ကောင်စီတပ်မှ တပ်သား အများအပြား အင်အားဖြည့်တင်းကာ တပ်စွဲထားပြီး ကျေးရွာအတွင်း ဒေသခံများကို တောင်ယာသွားလာခြင်း၊ တခြားသော ကျေးရွာနှင့် လုပ်ငန်းခွင် သွားလာခြင်းကို ကန့်သတ်ထားပြီး ဖုန်းအသုံးပြုခြင်းကိုပါ ပိတ်ပင်လိုက်ကြောင်း နွားဘန်းကြီး ဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။

“ စစ်သားတွေက မျက်ခြေမပြတ်စောင့်ကြည့်နေကြတာ။ ဖုန်းသုံးလို့လည်း မရဘူး။ ဖုန်းသုံးတာ မြင်ရင် ဖုန်းယူပြီး စစ်ဆေးတယ်။ ဖုန်းသိမ်းတယ်။ တောင်ယာလည်း ပေးမသွားဘူး။ ဟိုနေ့ကတောင်ယာသွားတာ သူတို့မြင်တော့ အလုပ်မလုပ်ရဘဲ တစ်နေ့ကုန် တောင်ယာမှာ ဒူးထောက်ထိုင်ခိုင်းထားတာ။ညနေလောက်မှ ပေးးပြန်တာ။”ဟု ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့သို့ တောင်ယာ မသွားရသည့်အတွက်ကြောင့် ဒေသခံများ၏ စပါးများ ပျက်စီးကုန်ပြီး မိုးရွာလျှင် ပို၍ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်ကြောင်း ၎င်း အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

စစ်ကောင်စီ သိမ်းပိုက်လိုက်သည့် ရွာငံ PDF စခန်း

ထို့အပြင် ယမန့်နေ့ နိုဝင်ဘာလ (၂၅) ရက် နွားဘန်းကြီးရွာတွင် စစ်ကောင်စီတပ်မှ တော်လှန်ရေး အင်အားစု တစ်ခန်း တစ်ခုကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။

“ မနေ့က နွားဘန်းကြီးရွာနဲ့ သိပ်မဝေးတဲ့ တောင်ပေါ်မှာ သိမ်းမိတယ်လို့ကြားတယ်။ ကျနော်တို့လည်း သွားမကြည့်ရဲဘူး။ လူတွေတော့ မဖမ်းမိဘူးတဲ့ ။လက်နက်တွေ ဝတ်စုံတွေပဲ သိမ်းမိတာတဲ့။ ဘယ်အဖွဲ့ လို့တော့ တိကျမသိရသေးဘူး။ခုက တော်လှန်ရေးတပ်ဖွဲ့တွေက အများကြီးဆိုတော့ ခန့်မှန်းရခက်တယ်။ ရွာအတွင်းမှာလဲ ဘာမှ မလှုပ်သာဘူး။အခြေနေအရမ်းဆိုးနေတာ။” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်မှုထမ်းရန်အတွက် ယခင်ကလို မဲနှိပ်ရွေးချယ်သွားမည် မဟုတ်ကြောင်းနှင့် ညဘက် အပြင်ထွက်သည့် လူများကို ဖမ်းဆီးပြီး စစ်မှုထမ်းရန်အတွက် အသုံးချမည်ဟု ကျေးရွာတွင်း စစ်တပ်ဘက်မှ ပြောကြားထားကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

နွားဘန်းကြီးကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၂ထောင်ကျော်ရှိသည်ဟု သိရပြီး အများအားဖြင့် တောင်ယာစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုနေရသူများ ဖြစ်သည်။

နွားဘန်းကြီး ရွာအတွင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စပြီး တော်လှန်ရေးအင်အားစုများ ဝင်ရောက်နေသည်ဟု၍ စစ်တပ်များက အင်အား တစ်ရာခန့် တပ်စွဲထားခဲ့ပြီး ယနေ့အချိန်တွင် အင်အား (၁၀၀)နီးပါး ဝင်ရောက်တပ်စွဲထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...