တရုတ်ဖိအားကြောင့် MNDAA လားရှိုးမြို့က စွန့်ခွာမှာလား
“စည်းလုံးညီညွတ်ခြင်းသည် အင်အား”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထင်းစည်းကို ချိုးနေတဲ့ ရုပ်တုရှိရာ လားရှိုးမြို့တော်ခန်းမရှေ့ ယာဉ်အဝိုင်းပတ်နား ပုံမှန်တွေ့မြင်နေကြ မဟုတ်တဲ့ အပြာရောင်နဲ့ အနီရောင် နောက်ခံပိတ်စပေါ် အလယ်မှာ ကြယ်ပွင့် (၃) လုံးပါ အထူးဒေသ(၁) အလံများ လွှင့်ထူနေရာယူထားပါတယ်။ လက်ရှိမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က အာဏာသိမ်း...
SHAN -
ရုပ်မြင်သံကြား ထုတ်လွှင့်ရာတွင် အသံနှင့် အရုပ်နှစ်မျိုးရှိရာ အသံနှင့်ပတ်သက်၍ အသံမှန်ရန်လိုသကဲ့သို့ တည်ကြည်သည့် အနေအထားရှိရန်နှင့် ပျော့ပြောင်းသည့် အနေအထားရှိစေရေး သတိထားရန်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား ဝန်ထမ်းများအား ရှင်းလင်း ပြောဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) က နေပြည်တော်တိုင်း...
NUG မှ အသက်မပြည့်သေးသည့်ကလေးငယ်များအား စစ်သားစုဆောင်းထားဆိုသည့် သတင်းအမှား
အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသောကလေးစစ်သားများဟု ရေးသား၍ ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် People Media ချန်နယ်လ်မှ “စစ်သွေးကြွ NUG အုပ်စုမှ ကလေးငယ်များကို စစ်သားစုဆောင်းထားမှု မြင်ကွင်း” (မူရင်းအတိုင်း) ဟု ရေးသားကာ ဇန်နဝါရီလ...
တာချီလိတ် ဆိုင်ကယ် တက္ကစီသမားသတ်ခံရပြီးနောက် ဆိုင်ကယ်သမားများပိုစိုးရိမ်မှုဖြစ်လာ
SHAN -
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းနေသည့် လူငယ်တစ်ဉီး အသတ်ခံရပြီနောက်တွင် စားဝတ်နေရးအတွက် ရုန်းကန်လုပ်ကိုင်နေသည့် ဆိုင်ကယ်သမားများလည်း စိုးရိမ်စိတ်ဖြင့် လုပ်စားနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၁၆ ရက်)တွင် အသက် (၂၃)နှစ်ရှိသည့် ဆိုင်ကယ် တက္ကစီသမားတစ်ဉီးသည် ခရီးသည်ကို မြို့အပြင်ထိ လိုက်ပို့ပေးရာကနေ အသတ်ခံလိုက်ရပြီး ဆိုင်ကယ်ခိုးယူသွားကြောင်း...
မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ နေ့စဉ်ဗုံးကြဲ
SHAN -
သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ကရင်တော်လှန်ရေးတပ် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မြို့မြောက်ဘက်အစပ်ရှိ စစ်ကေင်စီတပ် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည်...
နောင်ချိုမြို့ လူစည်ကားသည့် လက်ဖက်ရည်ဆိုင်အနီး စစ်ကောင်စီဗုံးကြဲချ၊ အရပ်သား (၈) ဦးသေဆုံး
သျှမ်းပြည် နောင်ချိုမြို့ပေါ် ရဲစခန်းအနီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူစည်ကားရာ ပါရမီ လက်ဖက်ရည်ဆိုင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၈) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၂၂ ရက်) နံနက် ၁၁ နာရီကျော်အချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...
လွိုင်ကော်မြို့အနီး ညသန်းခေါင်ချိန် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်
ကရင်ပြည် လွိုင်ကော်မြို့နယ်အတွင်း ညသန်းခေါင်ချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီက်လ ၂၂ ရက်) ၂ နာရီဝန်းကျင် လွိုင်ကော်မြို့အနီးကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လွိုင်ကော်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီမနက် အိပ်နေတဲ့ အချိန်ကြီး ၂...
စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ပို့ချသည့် ရုပ်သံဖိုင်
SHAN -
စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည့် ရုပ်သံဖိုင်ကို ယခုရက်ပိုင်း အတွင်း စစ်တပ် ထောက်ခံသူများက လူမှုကွန်ရက်များတွင် ပြန်လည်မျှဝေ၍ လှောင်ပြောင်နေသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံဖိုင်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အရာရှိကြီးများအား စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည်ကို တွေ့ရပြီး...
ဆီဆိုင်တွင် တိုက်ပွဲအခြေနေကြောင့် ဒေသခံများ ထပ်မံစစ်ရှောင်ရန် ပြင်ဆင်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ အခြေနေများကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာဖက်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNO)နှင့် တော်လှန်ရေးအင်အားစုတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး ကျေးရွာဖက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။ ယမန်နှစ်(၂၀၂၄ ခုနှစ် ဇန်နဝါရီလ...
ဗန်းမော်မြို့ စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲ
SHAN -
ကချင်ပြည်၊ ဗန်းမော်မြို့ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော်( KIA) ပူးပေါင်းတပ်များ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေရာ စစ်ကောင်စီက စစ်လေယာဉ်◌နှင့် ဒရုန်းများဖြင့် ဗုံးကြဲပြီး လက်နက်ကြီးပစ်၍ ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်ဟု သတင်းရင်းမြစ်များက ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) တွင် ပြောသည်။ ယမန်နေ့...






