ဆိုက်ဘာလုံခြုံရေး ဉပဒေ ကြောင့် အွန်လိုင်းလုပ်ကိုင်သူအတွက် ပိုခက်ခဲလာ
စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ (၁) ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များ အသုံးပြုရန် VPN ချိတ်ဆက်ရာ၌ ပိုမိုခက်ခဲလာကြောင်း ဒေသနေ လူငယ်များက ပြောသည်။ စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေမှာ...
မိုးဗြဲမြို့တွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး
SHAN -
သျှမ်းပြည် မိုးဗြဲမြို့တွင် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်)နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသား ၃ ဦး သေဆုံးသွားပြီး...
နမ့်ခမ်းမြို့နယ်ရှိ ရွှေလီတံတားကို TNLA နှင့် KIA တို့ အပြိုင် ပိတ်ထား
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီတံတားကို ယနေ့ (ဇန်နဝါရီလ ၂၈) ရက် နေ့လည်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့က နယ်မြေအငြင်းပွားမှုများကြောင့် တံတားကို အပြိုင်ပိတ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရွှေလီတံတားမှာကတော့...
ရွာငံတွင် စစ်ကောင်စီတပ်သားများ သေနတ်ဖောက်ခြိမ်းခြောက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဖက် ကျေးရွာများတွင် စစ်တပ်မှ ကျေးရွာအလိုက် တပ်စွဲကာ သေနတ်ဖောက်ခြိမ်းခြောက်နေသည်ဟု ဒေသခံများထံမှသိရသည်။ ရွာငံမြောက်ဘက် ကျေးရွာများတွင် အင်အား(၆၀) ခန့်ရှိသည့် စစ်ကောင်စီတပ်များက တပ်စွဲနေထိုင်နေပြီး အနီးနားတောတောင်ဘက်တွင်ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်မှ စပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုသို့ စစ်ကြောင်းထိုးရာတွင် ဒေသခံများကို သေနတ်ဖောက်ခြိမ်းခြောက်မှုကြောင့်...
ကျောက်မဲမြို့နယ် ယခုလအတွင်း တတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ဖွဲ့သည် ယခုလ ( ဇန်နဝါရီ) အတွင်း တတိယအကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၇) ရက် နေ့လည် ၂ နာရီဝန်းကျင် ကျောက်မဲမြို့အတွင်းရှိ မြို့တော်ခန်းမ အနီးတဝိုက်ကို စစ်ကောင်စီကမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့...
၁၀၂၇ နောက်ဆက်တွဲ ကြီးထွားလာသော နယ်မြေအရှုပ် ဘယ်လိုရှင်းကြမှာလဲ
"၁၀၂၇ စစ်ဆင်ရေး" ရပ်တန့်သွားပြီးနောက်ပိုင်း သျှမ်းမြောက် မြောက်ပိုင်းတွင် နယ်မြေများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းများကြာ နယ်မြေထိန်းချုပ်မှုဆိုင်ရာ အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုမြင့်တက်လာသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက် မွန်းလွဲပိုင်းတွင် ကွက်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဂိတ်စခန်းကို တအာင်း...
ရပ်စောက်မြို့နယ်အတွင်း လက်နက်ကြီးသံများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း ညအချိန်လက်နက်ကြီးပစ်ခတ်သံများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) ည ၁၁ နာရီဝန်းကျင်တွင် ရပ်စောက်မြို့နယ် အတွင်း လက်နက်ကြီး ပစ်ခတ်သံများအဆက်မပြတ်ကြားရပြီး မြို့ခံများစိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဘယ်အဖွဲ့လို့တော့ မသိဘူး၊ ညကဖြစ်တာ လက်နက်ကြီးတွေပစ်နေတာ အချက်...
ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုတို့ စစ်ရေးတင်းမာ
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု တို့ စစ်ရေးဆက်လက်တင်းမာနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ် အရှေ့တောင်ဘက် နှင့် တောင်ဘက်ခြမ်းတွင် စစ်ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစုတို့ စစ်ရေးဆက်လက်တင်းမာနေပြီး လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဆီဆိုင်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
နောင်ချို အုမ္မတီးကျေးရွာ နေအိမ် အလုံး ၂၀ ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ နေအိမ် အလုံး ၂၀ ဝန်းကျင်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၆ ရက်) နံနက်ပိုင်းအချိန်တွေ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်မှ ရှော့ဒုန်းဖြင့် နေအိမ် အလုံး...
ကျောက်ဂူဒေသ သူခိုးစစ်ကြောင်း နာမည်ကြီးနေ
SHAN -
သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်း ခိုးယူသွားသဖြင့် ယင်းစစ်ကြောင်းအား ဒေသခံများက သူခိုး စစ်ကြောင်းဟု နာမ်စားသုံး ရည်ညွှန်း ပြောဆိုနေကြကြောင်း ဒေသခံများထံ သိရသည်။ တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်က...






