ညောင်ရွှေတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ညနေ (၅)နာရီ ဝန်းကျင်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့သည် ဖယ်ခုံ အနောက်ဘက်ကမ်းမှ လက်နက်ကြီး (၆)လုံးဖြင့် ပစ်ခတ်လာသဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံ (၂)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံအမျိုးသးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့က လက်နက်ကြီး ပစ်လို့ နှစ်ဦးသေတယ်။ နှစ်ဦးက ဒဏ်ရာပြင်းထန်ရသွားတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ စစ်ကောင်စီနဲ့ PNOပူးပေါင်းပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ထုနေတာ။ အခုတောင်ပို့ကွဲရွာကိုတော့ ပထမဆုံးကျတာပဲ။ ရွာသားတစ်ချို့တော့ ထွက်ပြေးကြတယ်။” ဟု ၎င်းဒေသခံအမျိုးသားက ဆိုသည်။

အဆိုပါ လက်နက်ကြီးကြောင့် အသက် (၁၀)နှစ်အရွယ်ရှိ စိုင်းလျန်၊ အသက်(၄၀) ကျော် အရွယ်ရှိ လုံးစိုင်းလုံ တို့ ထိုနေရာတွင် တင်ပွဲချင်းပြီး သေဆုံးကာ အသက် (၄၀)ကျော်အရွယ်ရှိ ဒေါ်နန်းဖန် နှင့် ဦးကျား တို့သည် ခြေထောက်နှင့် လက်တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ဖယ်ခုံနှင့် ညောင်ရွှေ နယ်စပ်တွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ ကျေးရွာများကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့ပြင် (ဖေဖော်ဝါရီလ ၁၂ ရက်) နေ့ ညနေ ၅ နာရီတွင်လည်း ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို စစ်ကောင်စီနှင့် PNOတို့က ဘီလူးချောင်း အနောက်ဖက်ကမ်း လွယ်ဖြီးမှ နေ၍ မီးလောင်ဗုံးအပါဝင် လက်နက်ကြီး (၈) လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူထိခိုက်မှု မရှိသော်လည်း နေအိမ် (၂)လုံးပျက်စီးသွားသည်။

ဖေဖော်ဝါရီ ၁၁ရက်တွင်လည်း ပအိုဝ်းပြည်သူ့ စစ်(PNO)သည် ညောင်ရွှေမြို့နယ် သပြေကုန်းကျေးရွာအုပ်စုရှိ လူငယ်များကို စစ်သားစုဆောင်းကာာ စစ်သင်တန်း (၅)ရက်ပေး၍ အင်အား(၈၀၀)ဖြင့် စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။

ထိုသင်တန်းဆင်းပြီး ရက်ပိုင်းတွင် သင်တန်းဆင်းပွဲပြုလုပ်သည့် သပြေကုန်းကျေးရွာ နှင့် (၇)မိုင်မျှသာဝေးကာသည့် တောင်ပို့ကွဲကျေးရွာ လက်နက်ကြီးကျ အရပ်သားသေဆုံးသည့်အထိ ဖြစ်ပွားလာရသည်။

PNO သင်တန်းပေးပြီး လက်နက်မဲ့သင်တန်းသား (၈၀၀)ခန့်ကို PNO နှင့် စစ်ကောင်စီတို့က သျှမ်း-ကရင်နီ နယ်စပ်တကြောရှိ ဂိတ်များတွင် စောင့်ဆိုင်းနေရကြောင်းသိရသည်။

“သူတို့ကတော့ သင်တန်းဆင်းပြီးရင် ဂိတ်စောင့်ရုံပဲ ပြောတာ။ တစ်ချို့ကျတော့လည်း ရှေ့တန်းကို ပို့လိုက်တာ။ သင်ထားတာကမှ အခြေခံ ပြေးနည်း (၅)ရက်ဆိုတော့ ဘယ်လိုကာကွယ်ရမယ်ဆိုတာတောင် သိကြမှာ မဟုတ်ဘူး။ သင်တန်းဆင်းပြီးပွဲပြီးတော့ လက်နက်ကြီးနဲ့ ရွာတွေကို ထုတော့တာပဲ။” ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ အတွင်း ညောင်ရွှေမြို့နယ်တွင် လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါပဝင် လက်နက်ကြီးကြောင့် အရပ်သား (၅)ဦးသေဆုံးပြီး စစ်ရေးတင်းမာမှုရှိနေသာကြောင့် နန်းတုပ်၊ ဘုရားတောင်၊ ရေပူနှင့် ညောင်လေးပင်စသည့် ကျေးရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ...