Wednesday, January 28, 2026

ညောင်ရွှေတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာသို့ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ညနေ (၅)နာရီ ဝန်းကျင်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့သည် ဖယ်ခုံ အနောက်ဘက်ကမ်းမှ လက်နက်ကြီး (၆)လုံးဖြင့် ပစ်ခတ်လာသဖြင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံ (၂)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံအမျိုးသးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့က လက်နက်ကြီး ပစ်လို့ နှစ်ဦးသေတယ်။ နှစ်ဦးက ဒဏ်ရာပြင်းထန်ရသွားတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ စစ်ကောင်စီနဲ့ PNOပူးပေါင်းပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ထုနေတာ။ အခုတောင်ပို့ကွဲရွာကိုတော့ ပထမဆုံးကျတာပဲ။ ရွာသားတစ်ချို့တော့ ထွက်ပြေးကြတယ်။” ဟု ၎င်းဒေသခံအမျိုးသားက ဆိုသည်။

အဆိုပါ လက်နက်ကြီးကြောင့် အသက် (၁၀)နှစ်အရွယ်ရှိ စိုင်းလျန်၊ အသက်(၄၀) ကျော် အရွယ်ရှိ လုံးစိုင်းလုံ တို့ ထိုနေရာတွင် တင်ပွဲချင်းပြီး သေဆုံးကာ အသက် (၄၀)ကျော်အရွယ်ရှိ ဒေါ်နန်းဖန် နှင့် ဦးကျား တို့သည် ခြေထောက်နှင့် လက်တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ဖယ်ခုံနှင့် ညောင်ရွှေ နယ်စပ်တွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ ကျေးရွာများကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့ပြင် (ဖေဖော်ဝါရီလ ၁၂ ရက်) နေ့ ညနေ ၅ နာရီတွင်လည်း ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို စစ်ကောင်စီနှင့် PNOတို့က ဘီလူးချောင်း အနောက်ဖက်ကမ်း လွယ်ဖြီးမှ နေ၍ မီးလောင်ဗုံးအပါဝင် လက်နက်ကြီး (၈) လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူထိခိုက်မှု မရှိသော်လည်း နေအိမ် (၂)လုံးပျက်စီးသွားသည်။

ဖေဖော်ဝါရီ ၁၁ရက်တွင်လည်း ပအိုဝ်းပြည်သူ့ စစ်(PNO)သည် ညောင်ရွှေမြို့နယ် သပြေကုန်းကျေးရွာအုပ်စုရှိ လူငယ်များကို စစ်သားစုဆောင်းကာာ စစ်သင်တန်း (၅)ရက်ပေး၍ အင်အား(၈၀၀)ဖြင့် စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။

ထိုသင်တန်းဆင်းပြီး ရက်ပိုင်းတွင် သင်တန်းဆင်းပွဲပြုလုပ်သည့် သပြေကုန်းကျေးရွာ နှင့် (၇)မိုင်မျှသာဝေးကာသည့် တောင်ပို့ကွဲကျေးရွာ လက်နက်ကြီးကျ အရပ်သားသေဆုံးသည့်အထိ ဖြစ်ပွားလာရသည်။

PNO သင်တန်းပေးပြီး လက်နက်မဲ့သင်တန်းသား (၈၀၀)ခန့်ကို PNO နှင့် စစ်ကောင်စီတို့က သျှမ်း-ကရင်နီ နယ်စပ်တကြောရှိ ဂိတ်များတွင် စောင့်ဆိုင်းနေရကြောင်းသိရသည်။

“သူတို့ကတော့ သင်တန်းဆင်းပြီးရင် ဂိတ်စောင့်ရုံပဲ ပြောတာ။ တစ်ချို့ကျတော့လည်း ရှေ့တန်းကို ပို့လိုက်တာ။ သင်ထားတာကမှ အခြေခံ ပြေးနည်း (၅)ရက်ဆိုတော့ ဘယ်လိုကာကွယ်ရမယ်ဆိုတာတောင် သိကြမှာ မဟုတ်ဘူး။ သင်တန်းဆင်းပြီးပွဲပြီးတော့ လက်နက်ကြီးနဲ့ ရွာတွေကို ထုတော့တာပဲ။” ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ အတွင်း ညောင်ရွှေမြို့နယ်တွင် လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါပဝင် လက်နက်ကြီးကြောင့် အရပ်သား (၅)ဦးသေဆုံးပြီး စစ်ရေးတင်းမာမှုရှိနေသာကြောင့် နန်းတုပ်၊ ဘုရားတောင်၊ ရေပူနှင့် ညောင်လေးပင်စသည့် ကျေးရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...