တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များအား စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေကြောင်း စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်)တွင် ထုတ်ပြန်သည်။

စစ်သင်တန်းများကို နေပြည်တော်အပါအဝင် သျှမ်းပြည် တောင်ကြီးမြို့၊ မွန်ပြည် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်း ကမာရွက်မြို့နယ်နှင့် ဧရာဝတီတိုင်း ပုသိမ်မြို့၊ ပဲခူးတိုင်း တောင်ငူမြို့တို့ရှိ နယ်မြေခံ သင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီကဆိုထားသည်။

“အခုက တောင်ကြီးမှာ ပညာရေးဝန်းထမ်းတွေကို စစ်သင်တန်းပေးမယ်ဘာညာတော့ ကြားတယ်။ ဒါပေမဲ့ စာတော့မထွက်သေးဘူး။ ဒါပေမဲ့ အပေါ်သတင်းတော့ အနံ့ထွက်လာလို့ သတင်းတွေလည်း ပေါ်လာတာနေမှာပေါ့” ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယခုဖွင့်လှစ်သော သင်တန်းတွင် ပထမနှစ်အခြေခံ စစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံ စစ်ပညာသင်တန်း၊ ပထမ နှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းဟုဆိုကာ သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် စစ်ကောင်စီက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်သင်ပေးရခြင်းသည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သည့်အခါ အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ထက်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက် မြင့်မားပြီး အရည်အချင်းပြည့် ဝစေရန် ရည်ရွယ်ကြောင်း စစ်ကောင်စီကဆိုထားသည်။

သို့သော် နိုင်ငံအနှံ့ ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ရေးနှင့် လူအင်အား လျော့ပါးနေသည့် စစ်ကောင်စီက ယခုအခါ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များကိုပါ စစ်သင်ပေးမည်ဆိုသောကြောင့် သင်တန်းကာလ ပြီးဆုံးပါက ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်ခံရမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

“သူတို့လစာယူထားရင်တော့ အပေါ်ကခိုင်းသမျှ လုပ်ရမှာပဲ။ မလုပ်ချင်ရင်တော့ ထွက်ပေါ့၊ ပြေးပေါ့။ ဒါပေမဲ့ မဖြစ်နိုင်ဘူးထင်တယ်။ ကျောင်းဆရာမဆိုတာ အပျိုမှမရှိတာ၊ အအိုတွေချည်းပဲကို။ ကျနော်တို့ ကျောင်းမှာဆို ရင်လည်း အပျိုတွေက သုံးယောက်လောက်ပဲရှိတာ။ ကျန်တာကလေးအမတွေချည်းပဲ။ ဟို့အိုကြီးအိုမတွေ စစ်သင်ပေးရင် ဘယ်သူကကလေးထိန်းပေးမှာလဲ။ ဒါပေမဲ့ ပြောလို့မရဘူး၊ စောက်ကြီးစောက်ထိုး အစိုးရဖြစ်နေတယ်” ဟု တောင်ကြီးမြို့ ကျောင်းဆရာတစ်ဦးကလည်း ပြောသည်။

လက်ရှိ အပတ်စဉ် ပြည်သူ့စစ်မှုထမ်း သင်တန်းတွင် အမျိုးသားအပြင် အမျိုးသမီးကိုပါ စစ်ကောင်စီက ခေါ်ယူနေပြီး ဆင့်ခေါ်ခံရသူများအနေဖြင့် စစ်မှုမထမ်းချင်ပါက ပိုက်ဆံ ၁၀ သိန်းကျော်၊ ၁၅ သိန်းကျော် ပေးဆောင်နေရကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းသိရသည်။

သို့သော်လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန် အကျိုးဝင်သော်လည်း အမျိုးသမီးများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း၊ ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။

တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောပြချက်အရ စစ်ကောင်စီ၏ အထက်လူကြီးများက အမျိုးသမီးများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း ပြောဆိုထားသော်လည်း အောက်ခြေတွင် အမှန်တကယ် ဖမ်းဆီးခြင်းရှိပြီး ငွေညစ်တောင်းခံနေလျက်ရှိကြောင်း ဆိုသည်။

“အပေါ်ကကောင်တွေက တစ်မျိုးပြော၊ အောက်ကကောင်တွေက တစ်မျိုးလုပ်ဆိုတော့ ဘာကိုမှန်တယ်၊ ဘာကိုမှားတယ်ဆိုတာလည်း ပြောဖို့ခက်တယ်။ ဇော်မဲလုံးကတော့ အပေါ်ကနေပြောနေတာပေါ့။ အမျိုးသမီး စစ်မှုထမ်းမခေါ်သေးဘူးပေါ့။ ဒါပေမဲ့ အောက်ခြေမှာ တကယ်ဖမ်းပြီး လည်ပင်းညစ်၊ ပိုက်ဆံတောင်းစားနေတာ။ တကယ်လည်းဖြစ်လို့ သတင်းက တကယ်ထွက်လာတာ” ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ သာမန်အရပ်သား အမျိုးသားများအသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းနှင့် အမျိုးသမီးများတွင် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ်ပညာရှင်များသည် အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက်ကို သတ်မှတ်ထားသလို ၂နှစ် အနည်းဆုံး စစ်မှုထမ်းရမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...