မိုးကုတ် ဗုံးကြဲခံရမှုအတွင်း TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေဆုံးဟု သတင်းအမှားဖြန့်

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးကြောင်း သတင်းအမှားဖြန့်ချိ နေပါသည်။

စစ်ကောင်စီအားပေး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သည့် နေပြည်တော်ချန်နယ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ မိုးကုတ်ကို နံနက်အစောပိုင်း ဗုံးအလုံး ၅၀ နီးပါး ကြဲချသုတ်သင်ထားရာ TNLA အကြမ်းဖက် ၅၀ ထက်မနည်းသေဆုံး အများအပြားဒဏ်ရာရ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၅,၀၀၀ ကျော်ပြီး နေပြည်တော်ချန်နယ်အပြင် အခြားသော စစ်ကောင်စီအားပေး ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များကလည်း ဖြန့်ချိထားသည်။

မူရင်းလင့်ခ် – https://archive.ph/P1bGh

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် MPA တို့၏ အချက်အလက် စစ်ဆေးသူများက ပူးပေါင်းစိစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစိစစ်တွေ့ရှိချက်

မန္တလေးတိုင်း၊ မိုင်းကုတ်မြို့ အနောက်ပိုင်း ဝင်းထရံရပ်ကွက်သို့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်အစောပိုင်း၌ စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဧရာဝတီသတင်းမီဒီယာက ဖော်ပြသည်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/2UyHK

အလားတူ MPA သတင်းဌာနတွင် “မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီတပ်က ညသန်းခေါင်ယံ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း” TNLA နှင့် နီးစပ်သူတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြသည်။

MPA သတင်းလင့်ခ် – https://shorturl.at/qmXf0

ထို့ပြင် BBC (မြန်မာပိုင်း) သတင်းဌာနတွင်လည်း “မိုးကုတ်အနောက်ခြမ်း ကျောက်လုပ်ကွက် ဝန်းကျင်ကို လေကြောင်းဗုံး အလုံး ၃၀ ဝန်းကျင်ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိကြောင်း” ဖော်ပြသည်။

BBC သတင်းလင့်ခ် – https://shorturl.at/BlDhL

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မိုးကုတ်မြို့ ဒေသခံတစ်ဦးကို MFCN အဖွဲ့ဝင် သတင်းအချက် စစ်ဆေးသူများက ဆက်သွယ်ခဲ့ရာ “သေဆုံးက စုစုပေါင်း ၅ ယောက်ပါ။ ယောက်ျားလေးတွေ ချည်းပဲ။ ကျောက်တွင်းလုပ်တဲ့သူတွေပါ” ဟု ပြောသည်။

သုံးသပ်ချက်

ထိုကြောင့် မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးသည် ဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီကို ဖုံးကွယ်ရန် အရပ်သားသေဆုံးမှုကို TNLA တပ်ဖွဲ့ဝင်များ သေဆုံးနေသယောင် လိမ်လည်လှည့်ဖြားရေးသား ဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

သျှမ်းသံတော်ဆင့်နှင့်အတူ MPA ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...