Monday, February 2, 2026

CATEGORY

စစ်ရေး

ဖားကန့် နွံကန်ပေါက်ကျမှု နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေ 

ကချင်ပြည် ဖားကန့်မြို့နယ် စပေါ့ကျေးရွာ နွံကန်ပေါက်ကျမှုကြောင့် သေဆုံးမှု နှင့် ပျောက်ဆုံးမှုများ ရှိနေသည့်အပြင် စစ်ကောင်စီဗုံး၏ လေကြောင်းဗုံးကြဲမှုကြောင့်  သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေကြောင်း သိရသည်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ  ယနေ့ (ဇန်နဝါရီလ ၁၃ ရက် ) နံနက် ၁ နာရီခန့်တွင် နွံကန်ပေါက်ကျမှုကြောင့် လက်ရှိတွင် သေဆုံးသူ ၁၂ ဦးထိ တွေ့ရှိထားပြီး ၊ နေအိမ်များစွာလည်း ပျက်စီးခဲ့ရကြောင်း ဖားကန့်မြို့...

ရွာငံစစ်ရှောင်များအတွက် အမျိုးသမီးလစဉ်သုံးနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ရှောင်များအတွက် အမျိုးသမီးလစဉ်သုံးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်) နေ့ ရွာငံမြို့နယ် ၊ရနဲ ကျေးရွာအုပ်စု မင်းပလောင်ကျေးရွာတွင် စစ်ကောင်စီနှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တိုက်ပွဲ...

ကျောက်ဂူ စစ်ကောင်စီနှင့် DPLF တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုအမျိုးသားလွတ်မြောက်ရေး တပ်ဦး (DPLF)တပ်ဖွဲ့ဝင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် (ဇန်နဝါရီ ၁၁ ရက်)နေ့မှ ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နေ့အထိ စစ်ကောင်စီနှင့် ဓနုတပ် (DPLF) တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...

ရပ်စောက်မြို့သိမ်း တိုက်ပွဲသတင်း ထွက်ပေါ်၊ ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံးကြဲ

သျှမ်းတောင်၊ ရပ်စောက်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်) ညနေပိုင်းက ကျောက်ဂူဒေသကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ တိုက်ခိုက် သဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင်...

ဆီဆိုင်မြို့နယ် ပုံးအင်းဒေသက အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာမှ အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီ၏ လက်အောက်ခံ ဘန်းယဉ်ကျေးရွာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဝမ်ခွမ်ကျေးရွာဒေသခံ တစ်ဦးက...

လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု TNLA ပြော

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး”အတွင်း ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။ ဇန်နဝါရီလ (၃) ရက်မှ (၇) ရက်အထိ PSLF/TNLA ယာယီဌာနချုပ်တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် တအာင်း(ပလောင်)...

မိုးမိတ်မြို့နယ်အတွင်း SSPP မှ လူထုတွေ့ဆုံပွဲပြုလုပ်

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် သျှမ်းတပ် SSPP/SSA မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စများ ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၇) ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မန်ဖွယ်ရွာသစ်၊ မန်အုံ၊ မိုးဘုံ၊ မန်ပတ်၊ လယ်ကြီးနှင့်...

ဆီဆိုင်နယ်စပ်တိုက်ပွဲတွင် PNO ဘက်မှ ကလေးစစ်သားနှစ်ဦး အပါအဝင် စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးအနီး တိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် (PNO) ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးအပါဝင်စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ ကြောင်း တော်လှန်ရေးအင်အားစုအဖွဲ့ထံမှစုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉)ရက် နေ့ မနက် (၅)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ အထိုင်ချသည့် ရွှေတစ်ဂူစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုကဲ့သို့...

လွိုင်လင်လေး လက်နက်ကြီးကြောင့် ကလေး ၂ဦးသေဆုံ၊ နှစ် ဦးဒဏ်ရာရ

ကရင်နီပြည် ၊လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အနောက်ဘက်ခြမ်းရှိ အိုင်စန့်ကျေးရွာကြားကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ကလေး ၂ဦးသေဆုံးကာ နှစ်ဉီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်၏ လွိုင်လင်လေးအခြေစိုက် ခြေမြန်မတပ်ရင်း ( ခမရ -၅၃၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့်...

Latest news