Wednesday, January 28, 2026

တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်ကောင်စီ ခလရ-၆၇ တပ်က ကုန်စည်သယ်ယူခွင့်ပိတ်၊ ဒေသခံအခက်ကြုံ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင် ( ခလရ- ၆၇) မှ ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ ဟိုယကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ ခလရ-(၆၇) မှ ကုန်စည်သယ်ယူခွင့်ကို (၈) လနီးပါးကြာ ပိတ်ပင်ထားခြင်းကြောင့် စားသောက်ကုန်များ ရှားပါးကာ ဈေးကြီးပေး ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။

“ကုန်ပေးမသယ်တာ ခလရ-၆၇ တပ်က၊ ပြည်သူက ကိုးကန့်တပ်ကို သွားကျွေးမယ်ထင်လို့နေမှာ။ အခု ဟိုယအုပ်စုမှာ ကုန်ဈေး အရမ်းတက်တယ်၊ အရင်က ရာဂဏန်းပေးဝယ်ရတာ အခု တစ်ထောင်ကျော် ဖြစ်ကုန်ပြီ။ စားသောက်ကုန်လည်း အများကြီး မရှိဘူး၊ ဘာလိုလို မြို့ထဲသွားရတော့ ပြည်သူဒုက္ခရောက်တယ်”ဟု မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် ဟိုယကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၂၀) ရွာ ရှိပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က (၁၅) ရွာကို ထိန်းချုပ်ထားပြီး ဖေဖော်ဝါရီလ ၇ ရက်မှ စတင်ကာ ဝမ်လုံရွာနှင့် ပန်ညောင်ရွာတို့တွင် MNDAA မှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း ဒေသခံများက ထပ်လောင်းပြောကြားသည်။

ဟိုယကျေးရွာအုပ်စုအတွင်းရှိ နားမွန်းကျေးရွာကိုလည်း ‘ဝ’တပ်ဖွဲ့ UWSA က ထိန်းချုပ်ထားပြီး နောင်လုံ၊ ကုန်းကော်၊ ဖဖါ(ဝၢၼ်ႈၾႃႉၽႃႇ)နှင့် နားလိုင်ရွာတို့မှာ စစ်ကောင်စီတပ် လက်အောက်တွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းရယ်သို့ စစ်ကောင်စီတပ်သားတပ်ဆုတ်

“လမ်းခွဲမှာ ရှိတဲ့ စစ်တပ်ဂိတ်က လူတော့ ပေးဖြတ်တယ်၊ စားသောက်ကုန်ပါရင်တော့ မပေးဖြတ်တော့ဘူး။ ပစ္စည်းတင်ချင်ရင် တခြားလမ်းကနေ လာရတယ်၊ ကုန်တွေကို ကားနဲ့ တင်လို့ မရဘူး။ ဆိုင်ကယ်နဲ့ တင်ပြီး ၃/၄ နာရီ သယ်ရတယ်။ ဟိုယ-မိုင်းရယ် လမ်းပေါက်ရင်တော့ တည့်တည့်ဆိုရင် နာရီဝက်ပဲ ကြာတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

ယခင်က ဆန်တစ်အိတ်ကို မြန်မာကျပ်ငွေ ၈ သောင်းနီးပါးသာ ပေးဝယ်ခဲ့ရသော်လည်း စားသောက်ကုန် သယ်ယူခွင့် ပိတ်ခံရပြီးနောက် တစ်သိန်းခွဲခန့် ဈေးမြင့်တက်သွားပြီး ဓာတ်ဆီ တစ်လီတာကို ၈ ထောင်ကျပ်ခန့်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

မိုင်းရယ်-လားရှိုးကားလမ်းပိတ်

စစ်ကောင်စီနှင့် MNDAA တရားဝင် အပစ်ရပ် ကြေညာထားခြင်းကြောင့် စားသောက်ကုန် ပစ္စည်းများကို လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့်ပြုရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော်လည်း ထူးခြားမှု မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလမှ စတင်ပြီး မိုင်းရယ်မြို့ရှိ အခြားသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ကားများမှ ကုန်ပစ္စည်း တင်ဆောင်လာလျှင် ဗျူဟာမှူး ထောက်ခံစာ ပြနိုင်မှ သယ်ယူခွင့်ရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...