CATEGORY

စစ်ရေး

ရမခတိုင်းမှူး၊ တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးတို့ကို ကျားဖြန့်ကိစ္စဖြင့် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

သျှမ်းပြည် တန့်ယန်းမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး၊ မိုင်းရယ်နှင့် တန့်ယန်းမြို့ရှိ စစ်ဗျူဟာမှူးများကို စစ်ကောင်စီက ကျားဖြန့်ကိစ္စ ဆက်နွှယ်မှုဖြင့် အချင်းချင်း ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်အတွင်း ပြောင်းရွှေ့အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် ကျော်မြင့်ထွန်း...

ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။ မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများရှားပါးလာကာ အရေပြားရောဂါကို အသက်(၁၀)နှစ်အောက် ကလေးများ အပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ “အရေပြားရောဂါ ဖြစ်နေတာကအယောက်( ၂၀၀)...

မိုးဗြဲမြို့ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၆)နှစ်အရွယ် မိန်ကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁ )ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ယာတွင် အလုပ်လုပ်နေသည့် ဒေသခံ ၅...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

မန်တုံမြို့နယ် KIA နှင့် TNLA ပဋိပက္ခ ထိန်းသိမ်း ဆောင်ရွက်ရန် TNLA စစ်ဦးစီးချုပ်ပြော၊ လက်နက်ပစ်ဖောက်ခြင်း မလုပ်ရန် KIA အမိန့်ထုတ်

သျှမ်းပြည် မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် မြေပြင်ပဋိပက္ခကို ထိန်းသိမ်း ဆောင်ရွက်သွားရန် TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ (၂၈) ရက်တွင် မန်တုံမြို့၌ ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်...

စစ်ရေးကြားထဲ ဒုက္ခသောကနဲ့ ဗျာများနေတဲ့ဘဝ

ဝီးချဲ ခေါ် ဘီးတပ်ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဘီးကို လက်ဖြင့်တွန်းရင်း မီးဖိုခန်းမှ ဧည့်ခန်းဆီသို့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီး ကတရွှေ့ရွှေ့ဝင်လာလေသည်။ ဧည့်ခန်းထဲရှိ ကုတင်လေးဆီသို့ ဉီးတည်ပြီး သွားလေသည်။ ကုတင်ပေါ်တွင် စကားကောင်းမွန်စွာ မပြောနိုင်၊ မလှုပ်ရှားနိုင်သော လေဖြတ်ထားသည့် အမျိုးသားတစ်ဉီး လဲလှောင်းအိပ်စက်နေသည်။ “အစ်ကို ထတော့ထတော့” ဟု နန်းဆမ်...

မြန်မာသတင်းထောက် စိုင်းဇော်သိုက်အပါအဝင် (၃)ဉီး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုချက်ချင်းရပ်တန့်ရန်  CPJ ပြော

မြန်မာသတင်းထောက် ကိုစိုင်းဇော်သိုက် အပါအဝင် (၃)ဉီး ကို ထောင်တွင်း ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှု များချက်ချင်းရပ်တန့်ရန် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ယမန့်နေ့ (ဖေဖော်ဝါရီ ၂၆)ရက်တွင် ထုတ်ပြန်လိုက်သည်။ ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနစ် မေလတွင် မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်အခြေအနေကို သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရပြီး၊ စစ်ကောင်စီက ထောင်ဒဏ် နှစ်...

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

တစ်နိုင်ငံလုံး မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံးသူထဲ သျှမ်းပြည်မှ အများဆုံးဖြစ်

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူများတွင် သျှမ်းပြည်မှ လေးပုံတစ်ပုံဖြင့် အများဆုံးဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ ရက်) တွင် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် အရပ်သား...

ပင်လောင်းတွင် PNO တပ်ထဲဝင်လျှင် လွတ်လပ်စွာ သွားလာခွင့်ရ၍ ဒေသခံများတပ်ထဲ အများပြားဝင်ရောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ကျေးရွာများတွင် ပအိုဝ်းပြည်သူစစ် PNOတပ်ထဲ ဝင်လျှင် လွတ်လပ်စွာ သွားလာခွင့်ရ၍ ဒေသခံများ PNOတပ်ထဲသို့ အများပြားးဝင်ရောက်နေကြသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။ ပင်လောင်းမြို့နယ်သည် PNO စိုးမိုးနယ်မြေတစ်ခု ဖြစ်ပြီး သျှမ်း-ကယား နယ်စပ်အပါဝင် နေပြည်တော်နှင့် နီးစပ်သည့်ဒေသတစ်ခုလည်း ဖြစ်သောကြောင့် စစ်ကောင်စီဂိတ်၊ PNOဂိတ်များလည်း အများအပြား စောင့်ကြပ်စစ်ဆေးသည့်...

Latest news