CATEGORY

စစ်ရေး

ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလနှောင်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည့် ကျေးရွာများကို စစ်ကောင်စီတပ်မှ...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...

SSPP နှင့် MNDAA တို့ နယ်မြေပြဿနာ တိုက်ပွဲဆက်တိုက်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နယ်မြေပြဿနာ အငြင်းပွားမှုကြောင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။ ယခုနှစ်ဦးပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့်...

ပင်လောင်းမြို့နယ် စစ်ကောင်စီက ပြည်သူများထံ စစ်ထောက်ပံ့ကြေးကောက်ခံနေ

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့အတွက် ဒေသခံများက စစ်မှုထမ်းထောက်ပံ့ကြေးများ ထည့်နေရကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ ပထမပတ်တွင် ပင်လောင်းမြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဒေသခံများကို အကြောင်းအမျိုးမျိုးပြ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO...

ဖားကန့်၌ စက်ယန္တရားများ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ဗျူဟာကုန်းသို့လာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၊ တစ်သုံးလုံး ကျောက်စိမ်း ကုမ္ပဏီဝင်း အတွင်းရှိ မြေသယ်ကားနှင့် စက်ယန္တရားများကို ယနေ့ (ဇွန်လ ၃ ရက်) နံနက် ၈ နာရီကျော်က စစ်ကောင်စီတပ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မီးရှို့ခံရသည့် ကုမ္ပဏီသည်...

စစ်ကောင်စီ ထိုးစစ်ကြောင့် ညောင်ရွှေမြို့နယ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်ရ

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က မြေပြင်စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ညောင်ရွှေမြို့နယ်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ထိန်းချုပ်နယ်မြေအချို့ လက်လွတ်လိုက်ရကြောင်း သတင်းရရှိသည်။ စစ်ကောင်စီနှင့် PNO အင်အား ၁၀၀၀ ခန့်ပါဝင်သည့် ထိုစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ကတည်းက ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာသို့ စစ်ကြောင်းထားလာသည့်အတွက်...

PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ကို အတုလို့ သတင်းအမှားဖြန့်

စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့တဲ့ သက်သေမှတ်တမ်း ရုပ်သံဖိုင်ဟာ အတုဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ Fact Check အမည်ခံ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ဇွန်လ...

လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး...

လားရှိုးမြို့နယ်အတွင်း SSPP နှင့် MNDAA အကြား တစ်လကြာပြီးနောက် တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်အချိန်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီးတွင် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့...

တန့်ယန်း UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မခေါ်ယူခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် တန့်ယန်းမြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် တပ်ရင်းများတွင် ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ပြည်သူ့စစ်အဖြစ်...

Latest news