နောင်ချိုမြို့အနီး ဒုံးတပ်ရင်းကို စစ်ကောင်စီ ပြန်သိမ်း၊ မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီး အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ယမန်နေ့ (ဇူလိုင် ၈ ရက်) ညနေပိုင်းက စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်သွားပြီး မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၉ ရက်) တွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က TNLA ပူးပေါင်းတပ်များ ခံစစ်ပြင်ဆင်ထားသည့် ဆမ္မဆယ်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နောင်ချိုခံစစ် ပြိုကွဲသွားပြီဟု ယူဆနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

“(၆၀၆) ဒုံးတပ်ကတော့ TNLA က မြေထိုးစက်နဲ့ မြေလှန်ထားတော့ ဘာမှ မရှိတော့ပါဘူး။ ဒီမနက်လည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေတာပဲ။ စစ်တပ်ဘက်ကတော့ မြို့ထဲဝင်ဖို့ စုဖွဲ့ပြင်ဆင်နေပြီလို့ ကြားတယ်။ TNLA ဘက်က မြို့အနာခံပြီး မြို့ထဲမှာ တိုက်မယ်လို့ မထင်ဘူး” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

နောင်ချိုမြို့နှင့် ၃ မိုင်ခန့်အကွာ (၆၀၆) ဒုံးတပ်ရင်း အနီးရှိ နမ့်ဆောင်ဟူးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ထားကြောင်း ဒေသခံများက အတည်ပြုသည်။

“နောင်ချိုမြို့ကို စစ်တပ်က ပြန်ရသွားပြီလို့ ပြောလို့ရနေပြီ၊ ဒီရက်ပိုင်းမှာ မြို့ထဲဝင်မယ် ထင်တယ်။ ဒါပေမဲ့ ရှေ့ဆက် ဘာဖြစ်မလဲ ဆိုတာကတော့ ပြောရခက်ပါတယ်၊ စစ်ရေး ဆိုတာတော့” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

စစ်ကောင်စီတပ်အနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် နောင်ချိုပြန်ရရေး စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်နေသည်မှာ ၄င်းတို့တပ်များ အောင်စိတ်ပြန်ရရေး ဝါဒဖြန့်ရန် ရည်ရွယ်နေကြောင်း ထင်ရှားသည်ဟု ၎င်းက ဆက်ပြောသည်။

“ထိုးစစ်က ထုနဲ့ထည်နဲ့ စစ်ကြောင်းတွေ အများကြီးခွဲပြီး ထိုးတာ အကျများပါတယ်။ အလောတကြီး ဖြစ်လွန်းနေတယ်။ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ထောက်ပြသည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၇ လုံးနှင့် ဒရုန်း အသုံးပြု၍ ဗုံး ၄၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်းများမှာ ပြည်ထောင်စုလမ်းမကြီးတလျှောက် အုမ္မသီးကျေးရွာမှ ကျောက်ကြမ်းအနီးသို့လည်းကောင်း၊ တောင်ခမ်းဘက်မှ နမ့်ဆောင်ဟူး ကျေးရွာအကျော်သို့ ရောက်ရှိလာပြီးနောက် TNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီလော်ဘီများ၏ သတင်းတုသတင်းမှားများတွင် ဖော်ပြသကဲ့သို့ လက်လွှတ်ရမည့် အနေအထား မရှိသေးဘဲ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် (၅) ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီနှင့် TNLA အကြား အပစ်အခတ် ရပ်စဲနိုင်ရန် တရုတ်အစိုးရမှ စစ်ကောင်စီနှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်ဖွဲ့ချင်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပြီး တရုတ်၏ ကြားဝင်မှုမှာ ခရီးရောက်ကြောင်း လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...