နောင်ချိုမြို့စွန်ရပ်ကွက်ထဲ စစ်ကောင်စီတပ်ဝင်ရောက်၊ ဂုတ်တွင်းတံတား ဖျက်ဆီးခံရ

သျှမ်းပြည် နောင်ချိုမြို့အနီးသို့ စစ်ကောင်စီတပ် ချဉ်းကပ်လာပြီးနောက် မြို့တောင်ဘက်ရှိ ရပ်ကွက်များထဲသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ညနေပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်ရှိ ပန်ဟက်၊ သပြေရေနှင့် တောင်ရပ်ကွက်အတွင်းသို့ တောင်ခမ်းဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ရပ်ကွက်နဲ့ သပြေရေဘက်တော့ စကစ ရောက်နေပြီ။ မနေ့က တစ်နေကုန် လက်နက်ကြီးသံ မကြားရဘူး၊ ရပ်ကွက်ထဲ သေနတ်ပစ်သံလောက်ပဲ ကြားရတာ။ ဈေးဘက်မှာလည်း မီးလောင်နေတယ်၊ ဘယ်သူရှို့လည်းတော့ မပြောတတ်ဘူး”ဟု နောင်ချိုမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နောင်ချိုမြို့ပေါ်ရပ်ကွက်များသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာသည်ကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပုံနှင့်တကွ ဖြန့်ဝေထားသော်လည်း စစ်ကောင်စီနှင့် TNLA နှစ်ဘက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်တွင် တောင်ခမ်းဒေသဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများသည် နောင်ချိုမြို့တောင်ဘက် ကုန်းစံရွာအနီးရှိ မြို့ဝင်ဆိုင်းဘုတ်အထိ ချဉ်းကပ်ရောက်ရှိလာပြီးနောက် ဂုတ်ထိပ်တောင်ကြောများသို့ ဆက်လက်ချီတက်သွားပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – နောင်ချိုမြို့စွန်ရပ်ကွက်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်)

လက်ရှိတွင် ကျောက်မဲနှင့် နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်းကို ဇူလိုင်လ ၁၀ ရက်မှ စတင်ပြီး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ ပိတ်ထားခဲ့ရာ ယမန်နေ့တွင် ဂုတ်တွင်းရှိ တံတားကြီးလည်း မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။

“ဂုတ်ထိပ်ဘက် တက်လာတဲ့ စစ်ကြောင်းက ဒရုန်းနဲ့ နောင်ပိန်ဘက်ခြမ်း လှမ်းပစ်တာ။ ဂုတ်ထိပ်တံတားလည်း မိုင်းခွဲခံရလို့ သွားမရတော့ဘူး။ အရင်ရက်က နောင်ပစ်ရွာကို ပလောင်တွေ ရှိတယ်ထင်ပြီး ဒရုန်းနဲ့ ဗုံး ၃ လုံး လာကြဲတာ၊ အဲ့ဘက်က ရွာသားတွေတောင် ထပ်ရှောင်နေရတယ်”ဟု နောင်ပိန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – နောင်ချိုမြို့စွန်ရပ်ကွက်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်)

နောင်ချိုဘက်ရှိ စစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် နောင်ပိန်ဘက်ကမ်းရှိ နောင်ပစ်၊ လုံကြိမ်၊ လုံဝယ်၊ ပင်ပေါ၊ ဇီးပင်စခန်း စသည့် ကျေးရွာများလည်း ထပ်မံစစ်ဘေးရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) အထိ TNLA သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနှင့် ကျောက်ကြမ်း စသည့် ကျေးရွာ (၅) ရွာတို့တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဆိုသည်။

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို လတ်တလောတွင် လက်လွှတ်ရမည့် အနေအထား မရှိသေးဘဲ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် (၅) ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားသည်။

ပုံစာ – ဂုတ်တွင်းတံတား ဖျက်ဆီးခံရပြီး ပျက်စီးမှု (ဓာတ်ပုံ – တယ်လီဂရမ်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...