မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ထပ်မံထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်သည့် စစ်ကောင်စီတပ်က မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကိုပါ ထပ်မံထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ယခုရက်ပိုင်း၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တစ်နှစ်ကျော်ကြာ သိမ်းထားသည့် မိုးဗြဲမြို့ကို ယခုဇူလိုင် လဆန်းတွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်နိုင်ရန်နယ်မြေရှင်းလင်းရေး လုပ်နေခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးဗြဲနဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းကတော့ အခြေအနေ လုံးဝမကောင်းဘူး။ လက်နက်ကြီးနဲ့ ဆက်တိုက်ထုပြီး စစ်ကောင်စီနဲ့ PNO က သာလွန်အင်အားနဲ့ ထိုးတက်လာကြတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် တစ်ပတ်အတွင်း မြို့ထဲရှိ နေအိမ်အများအပြားကို မီးရှို့ခဲ့ကြောင်း ဆိုသည်။

မိုးဗြဲမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးကို သျှမ်းသံတောဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့သည် လမ်းမကြီးအတိုင်းသာဆိုလျှင် ၁၅ မိုင်ခန့် ကွာဝေးသည်။

စစ်ကောင်စီ၏ စစ်ကြောင်းသည် မိုးဗြဲမြို့မှ ဝါရီကောခူ၊ ဆောင်းကန်းလမ်းခွဲ၊ ကုန်းသာ လမ်းမအတိုင်း စစ်ကြောင်းထိုးနေသကဲ့သို့ ညောင်ရွှေမြို့နယ် ရေပူရွာမှ ထီရီး၊ လွယ်ပေါ၊ ဆင်ဖြူ၊ လွယ်ထွန် စသည့် ရွာများကို ဖြတ်ပြီး စစ်ကြောင်းထိုးလာနေကြောင်း သိရသည်။

အင်အားတစ်ထောင်ကျော်ပါသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ စစ်ကြောင်းက ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာရှိ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)၏ တပ်စခန်း ၂ ကိုလည်း ဇွန်လ ၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

လက်ရှိ စစ်ကောင်စီတပ်၏ ထိုးစစ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကယန်းအမျိုးသားတပ်မတော် (KNA)၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (Mobye PDF)နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ခုခံတိုက်ခိုက်နေသည်။

စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည်အတွင်း ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသော လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းမကြီးကို ပြန်ရနိုင်ရန် ယခုနှစ်ဦးပိုင်းမှစ၍ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ထိုလမ်းမကြီးကို မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှန်နိုင်ရန် ကြိုးပမ်းနေသည်ဟု စစ်ကောင်စီက ပြီးခဲ့သော ဇူလိုင် ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...