စစ်ကောင်စီ စစ်မှုထမ်းခေါ်ယူမှု တစ်နှစ်ကျော်ကာလအတွင်း တပ်သားသစ် ၇၅,၀၀၀ ဝန်းကျင် စုဆောင်းခံရ

pတရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည့် တစ်နှစ်ကျော်ခဲ့ပြီး စစ်မှုထမ်းအတွက် အပတ်စဉ် (၁၅) အထိ ခေါ်ယူပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတဝှမ်း တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေသည့ စစ်ကောင်စီတပ်အတွင်း စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅,၀၀၀ နှုန်းဖြင့် ယနေ့ ဇူလိုင် ၁၃ ရက်နေ့အထိ စစ်မှုထမ်း အပတ်စဉ် (၁၅) ကြိမ် ဖွင့်လှစ်ထားပြီး အဆိုပါအခမ်းအနားကို ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထိုကိန်းဂဏန်း အတိုင်းသာဆိုလျှင် စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း ၇၅,၀၀၀ ဝန်းကျင် စုဆောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“အခုလတိုင်းလတိုင်း ရာအိမ်မှူးတစ်ယောက်ကို အနည်းဆုံး ကျပ် ၁၀ သိန်းသွင်းဖို့ ပြောထားတယ်။ လူမကောက်တော့ဘူး၊ ပိုက်ဆံသွင်းခိုင်းတာ။ အဲ့တော့ လတိုင်းလတိုင်း အိမ်တိုင်းကို ပိုက်ဆံကောက်ပေါ့” ဟု အမည်မဖော်လိုသည့် တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားများထဲမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်ကောင်စီက ကြေညာထားသည်။

သို့သော် စစ်သားသစ်များထဲတွင် ငွေကြးရယူ၍ လူအစားထိုးလိုက်ရသူ၊ တစ်နည်းနည်းဖြင့် အတင်းအကျပ် ခေါ်ခံရသူမှာ အများစုဖြစ်ပြီး မိမိသဘောဖြင့် ဝင်ရောက်သူမှာ မရှိသလောက်ပင် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းခဲ့သော ပြည်သူ့စစ်မှုထမ်းများကို တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးပို့ ပို့ဆောင်နေလျက်ရှိသောကြောင့် အသက်အကျုံးဝင်နေသူ အမျိုးသားများသည် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များအဖြစ် ဝင်ရောက်ခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင် များကို ငွေပေး၍ လူအစားထိုး တိမ်းရှောင်ကြခြင်း ပြုလုပ်ကြသည်။

ထိုသို့ စစ်မှုထမ်း ဆင့်ခေါ်ခံရချိန်တွင် ရောက်မလာခြင်း၊ စားရင်းမသွင်းခြင်းကြောင့် ကျန်ရှိသော မိသားစုကို အရေးယူမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားသည်။

“အရင် ဆင့်ခေါ်စာနဲ့ခေါ်တယ်၊ ခေါ်လို့မရတဲ့လူတွေကို ညကျရင် အဲ့ဒီအိမ်တွေကို အဖွဲ့လိုက်ဝင်ဖမ်းတာ” ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ဆက်ပြောသည်။

ပြည်သူ့စစ်မှုထမ်းခြင်းကို ရှောင်လွှဲပါက ဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (က) ဖြင့် အရေးယူမည်ဟု သတ်မှတ်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ လူအစားထိုးမှု၊ ငွေကြေးတောင်ခံမှုများရှိလျှင် တိုင်ကြားနိုင်ပြီး မှန်ကန်ပါက အရေးယူဆောင်သွားမည်ဟု ဇူလိုင် ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေး၌ ပြောဆိုခဲ့သည်။

ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေး ကောင်းမွန်စေရေး၊ ငွေကြေးမသမာမှု မရှိစေရေး၊ အဂတိမှု မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်နေပြီး လူစားထိုးမှု၊ ငွေကြေးတောင်းခံမှုများရှိလျှင် တိုင်ကြားနိုင်ကာ စစ်ဆေးအရေးယူမည်ဟု ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...