“အသက်ရှင်နေလျက် ဘဝသေနေသူများ “

ကိုကျော် (အမည်လွှဲ) တယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ပျာပျာတလဲလဲဖြင့် သူ၏ မိန်းမလက်ကိုဆွဲပြီး ရှိသမျှ အသိမိတ်ဆွေနှင့် ဆွေတော်မျိုးတော် အိမ်များကို ပတ်ပြီး ပိုက်ဆံလိုက်ချေးနေရသည်။

စစ်မှုထမ်းအတွက် ပုံမှန်လစဉ်ကြေး ငါးသောင်းကျပ် ပေးဆောင်ခဲ့သော်လည်း ယခုနှစ် ၂၀၂၅ ဇူလိုင်လဆန်းတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့်ရာအိမ်မှူးထံ သွားရောက်ညှိနှိုင်းခဲ့ရာ ပိုက်ဆံ ၁၀ သိန်း ပေးနိုင်လျှင် ကင်းလွတ်ခွင့်ပေးမည် ဆိုသောကြောင့် ထိုပိုက်ဆံ ၁၀ သိန်းရနိုင်ဖို့အရေး ကိုကျော်တို့ လင်မယား အသည်းအထန် ရှာဖွေရတော့သည်။

“ရာအိမ်မှူး လာပြောတုန်းက ကျနော်လည်း စားရင်းထဲပါတယ်ဆိုတော့ ထွက်ပြေးရမလား၊ ကြိုးဆွဲချ သေရမလား မသိတော့ဘူး” ဟု ကိုကျော်ကရှိုတ်သံဖြင့် ပြောပြလာသည်။

ကိုကျော်သည် သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ ဇာတိဖြစ်သည်။ သူသည် အသက် ၃၀ ကျော်အရွယ်ရှိပြီး  မိန်းမနှင့် ကျောင်းနေရွယ် ကလေး ၃ဦးရှိသည်။

အိမ်ထောင်ဦးစီးဖြစ်သူ ကိုကျော်တွင်လည်း ခေတ်ကာလ အခြေအနေကြောင့် ကြုံရာကျပန်း အလုပ်လုပ်၍ မိသားစုကို ရှာဖွေကျွေးမွေးနေရပြီး နေ့စာဝင်ငွေဖြင့်သာ လုပ်ကိုင်နေရသဖြင့် ဝမ်းရေးကို ပြည့်မီအောင် မစားရသည့် အခြေအနေပင်။

ထိုအခြေအနေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့် ကိုကျော်တစ်ယောက် ဘာလုပ်ရမှန်းမသိ ကယောင်ခြောက်ခြား ဖြစ်နေတော့သည်။

“အစတုန်းက ၂၅ သိန်းတောင်းတာ၊ ကြားကြားချင်း မျက်လုံးတောင် ပြာသွားတယ်။ ကျနော်တို့ အဆင်မပြေတဲ့ အကြောင်း ငိုငိုယိုယိုနဲ့ တောင်းပန်တော့ ၁၀ သိန်း နောက်ဆုံးပဲတဲ့။ ၇ ရက်အတွင်း ပေးရမယ်ပြောတယ်၊ ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် စစ်မှုထမ်းလိုက်ရမယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု ကိုကျော်က ပြောပြသည်။

စစ်မှုထမ်း ဥပဒေအောက်မှ သားကောင်များ

တရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီး စစ်မှုထမ်းအတွက် အပတ်စဉ်(၁၄) အထိ ခေါ်ယူပြီးစီးနေပြီ ဖြစ်သည်။

နိုင်ငံတဝှမ်း တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီတပ်အတွက် စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန်၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့သည်။

စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ၅,၀၀၀ နှုန်းဖြင့် ယခုနှစ် (ဇွန်လ ၁၆ ရက်) အထိ စစ်မှုထမ်းအပတ်စဉ် (၁၄) ကြိမ် ဖွင့်လှစ်ထားသည်။

စစ်ကောင်စီရဲံ အမျိုးသမီး စစ်မှုထမ်း

ထိုကိန်းဂဏန်းအတိုင်းသာဆိုလျှင် စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း ခုနစ်သောင်း (၇၀,၀၀၀) စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။

နွေဦးတော်လှန်ရေး ကာလတလျှောက် စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်း တင်နေသော သုတေသနအဖွဲ့ ဖြစ်သည့် Spring Revolution Database (SRD) ၏ အစီရင်ခံစာအရ စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁၀ ခုအတွင်း အရပ်သားလူငယ် ၁၂,၆၅၅ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဆိုသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့အတွင်း အရပ်သားပြည်သူ ၁၂,၆၅၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း အစီရင်ခံစာ၌ဖော်ပြထားသည်။  

စစ်ကောင်စီတပ်သည် နေ့ဘက်အချိန်များတွင် အရပ်သားပြည်သူ ၁၁,၄၉၇ ဦးနှင့် ညအချိန်တွင် အရပ်သားပြည်သူ ၁,၁၅၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ (သို့မဟုတ်) အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

သို့သော် စစ်သားသစ်များထဲတွင် ငွေကြေးရယူ၍ လူအစားထိုးလိုက်ရသူ၊ တစ်နည်းနည်းဖြင့် အတင်းအကျပ် ခေါ်ဆောင်ခံရသူမှာ အများစုဖြစ်ပြီးမိမိသဘောဖြင့် ဝင်ရောက်သူမှာ မရှိသလောက်ပင်။

အာမခံချက်မရှိသော လူအစားထိုးမှုစနစ်

ယခုနှစ် ဇွန်လကုန်ပိုင်းမှစ၍ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များမှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို ဆင့်ခေါ်ရာ ပိုက်ဆံမပေးနိုင်လျှင် နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးမှုရှိသည်ဟု အမည်မဖော်လိုသော တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“အရင် ဆင့်ခေါ်စာနဲ့ ခေါ်တယ်၊ ခေါ်လို့မရတဲ့လူဆို ညကျရင် အဲ့ဒီအိမ်တွေကို အဖွဲ့လိုက်ဝင်ဖမ်းတာ။ လူရှိရင် ဖမ်းသွားတယ်၊ မရှိရင်တော့ ဘာမှလုပ်လို့မရဘူး” ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်မှုထမ်း ဆင့်ခေါ်ခံရချိန်မှာ ရောက်မလာခြင်း၊ စားရင်းမသွင်းခြင်း ရှိပါက ကျန်ရှိသော မိသားစုကိုပါ အရေးယူမည်ဟု စစ်ကောင်စီကခြိမ်းခြောက်ထားသည်။ ပြည်သူ့စစ်မှုထမ်းခြင်းကို ရှောင်လွှဲပါက ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (က) ဖြင့် အရေးယူမည်ဟု သတ်မှတ်ထားသည်။

ပြီးခဲ့သော လပိုင်း၌ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ လူငယ်တစ်ဦးသည် စစ်မှုထမ်း ဆင့်ခေါ်ခံရသောကြောင့် ရာအိမ်မှူးနှင့် သွားရောက်ညှိနှိုင်းရာ ပိုက်ဆံ ၁၀ သိန်းပေးခဲ့သော်လည်း အေးယာသာ၌ အဖမ်းခံရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီ၏ အပတ်စဉ် (၁၀) စစ်မှုထမ်း သင်တန်း

“တစ်လောတုန်းက လူငယ်တစ်ဦး ဆင့်ခေါ်စာ ခေါ်ခံရတယ်။ ရာအိမ်မှူးနဲ့ သွားညှိတယ်၊ ညှိလိုက်တော့ ၁၀ သိန်းပေးရတယ်၊ ကင်းလွတ်ခွင့်ပေးလိုက်တယ်။ နောက်တော့ ဒီကောင်လေးက အေးသာယာသွားလိုက်တယ်၊ အေးသာယာမှာ ဖမ်းခံရပြီး စစ်ထဲပို့လိုက်တာ၊ အခုဆိုနမ့်လန်ရောက်ပြီ” ဟု ပြောသည်။

လက်ရှိ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင် မကြာသေးမီက ပြောင်းလာသော အုပ်ကြီး ခွန်ကျော်စိုး (ခ) မောင်ပေးက တာဝန်ယူထားပြီး၊ ထိုရပ်ကွက် အုပ်ချုပ်ရေးမှူး စာရေးမှာ ကိုအောင်သန့် ဆိုသူဖြစ်သည်။ 

စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက လူအစားထိုးမှု၊ ငွေကြေးတောင်းခံမှုရှိလျှင် တိုင်ကြားနိုင်ပြီး မှန်ကန်ပါက အရေးယူဆောင်ရွက်သွား မည်ဟု ပြောသော်လည်း လက်တွေ့မြေပြင်၌ အရေးယူဆောင်နိုင်ခြင်းမရှိပေ။

“ဆင့်ခေါ်စာ ခေါ်ခံရလို့ ၁၀ သိန်း၊ ၁၅ သိန်း သွားပေးလည်း ဘာမှမထူးဘူး။ တကယ်တော့ စစ်မှုထမ်းကော်မတီဆိုတာ ခရိုင်မှာ ရှိတယ်။ အဲ့ကော်မတီက ခရိုင်အုပ်တို့၊ ထွေအုပ်တို့က ပိုက်ဆံတွေကို အကုန်ဝါး စားသွားတာ။ သူတို့လုပ်နေတာတွေ အကုန်သိတယ်၊ ဒါပေမယ့် ဘယ်သူမှ မတိုင်ရဲဘူး” ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။

စစ်ကောင်စီ၏ သားကောင်မဖြစ်ရန် အသက်အကျုံးဝင်နေသူ အမျိုးသားများသည် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များအဖြစ် ဝင်ရောက်ခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ငွေပေး၍ လူအစားထိုး တိမ်းရှောင်ကြခြင်း စသည့် နည်လမ်းမျိုးစုံဖြင့် ပြုလုပ်လာကြသည်။

တန့်ယန်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်

ထိုသို့ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန် ပြည်ပနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အရပ်သားပြည်သူများသည် သက်ဆိုင်ရာနိုင်ငံများ၌ ဖမ်းဆီးခံခဲ့ရာ ယခုနှစ်မေလအတွင်း မလေးရှားနိုင်ငံတွင် ၁,၅၄၈ ဦး၊ ထိုင်းနိုင်ငံတွင် ၃၄၉ ဦး စုစုပေါင်း ၁,၈၉၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Spring Revolution Database (SRD) က ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကိုကျော်ကဲ့သို့သော အမျိုးသားများ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပြီး ကမ်းမမြင်၊ လမ်းမမြင် ဝိုးတဝါး လမ်းပျောက်နေသူများ၊ အကြွေးတဝဲလည်လည် နေသူများ၊ ရှေ့တန်း စစ်မျက်နှာသို့ ပို့ဆောင်ခံလိုက်ရသူများ၊ ရှေ့တန်း၌ သေဆုံးသွားသူများ စသည့်ဖြင့် လူ့လောကတွင် ငရဲကျနေသူအများအပြား ရှိသည်။

စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းခဲ့သော ပြည်သူ့စစ်မှုထမ်းများကို တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ ပို့ဆောင်နေလျက်ရှိရာ စစ်မှုထမ်း ဆင့်ခေါ်ခံရသူ ရွှေညောင်မြို့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့၌ မိမိကိုယ်ကို ဆွဲကြိုးချ အဆုံးစီရင်ခဲ့သည်။

“မြန်မာပြည်မှာ မွေးလာတာ ရှေးဘဝက အကုသိုလ်လို့ ဆိုရမလားပဲ၊ အသက်ရှင်နေပေမယ့် ဘဝကသေနေတယ်” ဟု ကိုကျော်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

တောင်ကြီး လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချခွင့်မပေး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချ ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ယာဉ်များကို စက်သုံးဆီရောင်းချပေးမည် မဟုတ်ဘဲ စက်သုံးဆီဆိုင်တွင် လိုင်စင်မဲ့ယာဉ်များ တန်းစီဝယ်ယူခြင်းတွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ စစ်ကော်မရှင်က အသိပေးထုတ်ပြန်ပြီးနောက် ယနေ့ (မတ်လ ၁၂ရက်)တွင် စက်သုံးဆီဆိုင်များက...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...