CATEGORY

စစ်ရေး

နမ္မတူမြို့နယ် ပန်လုံ တိုက်ပွဲရပ်တန့်သော်လည်း ကျေးရွာအတွင်း လက်နက်ကိုင်ရှိနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်း တိုက်ပွဲရပ်နားထားသော်လည်း လက်နက်ကိုင်များ ကျေးရွာထဲတွင် ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲကြောင့် ပန်လုံကျေးရွာအုပ်စုရှိ ဒေသခံများ လားရှိုးဘုန်းကြီးကျောင်းသို့ (၁) လနီးပါး ထွက်ပြေးတိမ်းပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။ “ တိုက်ပွဲကတော့ တိတ်သွားပြီ။ ကျနော်တို့...

ကွတ်ခိုင်မြို့ တွင် တဖတ်သတ်ပစ်ခတ်သံကြားရ

သျှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာ အနီး တွင် ယနေ့ (ဇွန် ၃)ရက် မနက်ပိုင်းတွင် တဖတ်သတ် သေနတ်ပစ်ခတ် သည့် သံကြားနေရကြောင်း သတင်းရရှိသည်။ “ ဒီ မနက် (၁၀)နာရီလောက်မှာ သေနတ်ပစ်သံကြားရတယ်။ အပြန်အလှန်ပစ်တာတော့မဟုတ်ဘူး။ တဖက်သတ်အသံ ပါပဲ” ဟု ကွတ်ခိုင်မြို့နယ် တွင်နေထိုင်သည့်ဒေသခံ...

သျှမ်းတပ် (၂)တပ် တိုက်ပွဲရပ်တန့်ပေးရန် ကျေးသီး ပြည်သူတောင်းဆို

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ ဒေသခံများသည် စိုက်ပျိုးရေး လုပ်ကိုင်ရမည့်အချိန်ဖြစ်သဖြင့် သျှမ်းတပ် (၂)တပ် တိုက်ပွဲမဖြစ်ရန် မေတ္တာရပ်ခံတောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ လက်ရှိ အချိန်ကာလသည် စိုက်ပျိုးရေးလုပ်ဆောင်ရမည့် အချိန်ဖြစ်ပြီး၊ သျှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS/SSA နှင့် SSPP/SSAတို့သည် ဇွန် (၁)ရက်မှ စတင်ကာ ကျေးသီးမြို့နယ် နှင့် မိုင်းနောင်ကြား လွိုင်ဟွန်းတောင်အနီးတွင်...

ကျေးသီးမြို့ အနီး သျှမ်းတပ်(၂)တပ် အပြန်အလှန် နယ်မြေကျူးလွန်မှု တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့အနီးတွင် သျှမ်းလက်နက်ကိုင် (၂)ဖွဲ့ အပြန်အလှန် နယ်မြေကျူးလွန်မှု ဟု ပြောဆိုကာ တိုက်ပွဲ ၂ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် နှင့် မိုင်းနောင်ကြား လွိုင်ဟွန်းတောင်အနီးတွင် ယမန်(ဇွန် ၁)ရက် မနက်ပိုင်းမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ...

ကျေးသီးမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ်၊ ဒေသခံ (၂၀၀) ထွက်ပြေးနေရ

သျှမ်းပြည် တောင်ပိုင်း ကျေးသီမြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀) နီးပါး ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာ ဘုန်းကြီးကျောင်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့(ဇွန် ၁)ရက် မနက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် ကျေးသီးမြို့ နှင့်...

ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ဖွဲ့စည်းကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဆီဆိုင်မြို့ အနီးတစ်ဝိုက်တွင် ပအိုဝ်းအမျိုးသား အစည်းအရုံး( PNO) အင်အားဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။ မေလ ၂၉ ရက်နေ့တွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်အပြီးတွင် ဆီဆိုင်မြို့အနီးတဝှိက်တွင် ပြည်သူ့စစ် အဖြစ် ရပ်တည်နေသော...

ကရင်နီ စစ်ရှောင်များကို ခက်ခက်ခဲခဲ သွားရောက်ကူညီထောက်ပံ့နေရ

ကရင်နီပြည် (ကယားပြည်) တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာ ရှိကြောင်း စုံစမ်းသိရသည်။ ကရင်နီတွင် ရှိနေသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာရှိကြောင်း၊ သွားရောက်ကူညီရာတွင်လည်း စစ်ကောင်စီ အုပ်စု က စောင့်ဆိုင်းကာ...

သီပေါမြို့ စစ်ရှောင် (၂၅၀)ကျော်နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် (၂၅၀) ကျော် ယနေ့ ဇွန် (၁) ရက်တွင် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ခဲ့ရသည့် မန်လီဒေသခံများ၊ ပန်လုံဒေသခံများ နှင့်...

သျှမ်းမြောက်တိုက်ပွဲမရပ်တန့်ပါက ပြည်သူများ နောင်နှစ် စားဝတ်နေရေး ပိုခက်ခဲလာနိုင်

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲမရပ်တန့်ပါက နောင်နှစ်အတွက် ပြည်သူများ စားဝတ်နေရေး ပိုခက်ခဲလာနိုင်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင် (၅၀၀၀ )ကျော်သည် သျှမ်းမြောက် ကျောက်မဲမြို့နယ်၊ နမ္မတူမြိုု့နယ်၊ နှင့် သီပေါမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သူများဖြစ်သည်။ ယခုကာလသည် စိုက်ပျိုးရေး လုပ်ရမည့်ရာသီချိန်ဖြစ်သဖြင့်...

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီ တပ်စခန်းများသည် ယနေ့ (မေ ၃၁)ရက် မနက်(၁)နာရီ တွင် တိုက်ခိုက်ခံရပြီး ဒုတပ်ရင်မှူး အပါအဝင် တပ်သား ( ၁၁)ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် (၁)နာရီ မှ မနက်...

Latest news