မိုင်းယော် မန်ပန်ပြည်သူ့စစ် ကိုKIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင် တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် ကို KIA က ယမန်နေ့ (ဇွန်...
ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်း စစ်ရှောင်အတွက် အိပ်ယာခင်း၊စောင်များလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၄၈၀) ကျော် အတွက် အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် နောင်ဆွမ်းစစ်ရှောင် (၄၈၇) ဦးသည် စစ်ရှောင်နေရပြီး အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စစ်ဘေးရှောင်ကော်တီဝင်...
သျှမ်းမြောက်အတွင်း တပ်သားသစ်ကောက်ပြီး၊ တိုင်းရင်းသားချင်းတိုက်ပွဲမဖြစ်စေလို
SHAN -
သျှမ်းပြည် မြောက်ပိုင်း အတွင်း တိုင်းရင်းသားလက်နက်ကိုင် တချို့ တပ်သားသစ် စုဆောင်းနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ ကို ပြည်သူများက ရရာလက်နက်ကိုင်စွဲကာ တော်လှန်တိုက်ခိုက်နေချိန် သျှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများက နေရပ်စွန့်ခွာနေရသည့် ဘဝရောက်ရှိနေသည်။ ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ရမည်ကို မလိုလားသည့်အတွက်...
မူဆယ်မြို့နယ် တာလုံကျေးရွာအနီး ကုန်တင်ကားတစ်စီး မီးရှို့ခံရ
SHAN -
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တာလုံကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၉)ရက် မနက်ပိုင်း (၇) နာရီဝန်းကျင်၌ ကုန်တင်ယာဉ်တစ်စီး မီးရှို့ခံရကြောင်းစုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် ကုန်တင်ယာဉ်ကား များ (၂)ရက်ဆက်တိုက်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့တွင်လည်း ကွတ်ခိုင်-နမ့်ဖက်ကာ ကြားတွင် တွဲကားတစ်စီး မီးရှို့ခံရပြီး၊ ကားကြီး (၂)စီး...
လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တာဝန်မှရပ်နားရန် KIA/KIO ညွှန်ကြား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး များအားလုံး CDM ဝင်၊ အလုပ်နားကြရန် ကချင်လွတ်လပ်ရေး တပ်မတော်တပ်ဖွဲ့ (KIA/KIO) က စာထုတ်ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၆ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိ မိုင်းယော် တိုက်နယ်...
RCSS နှင့် SSPP တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ
SHAN -
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတစ်လျောက်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) တို့ တိုက်ပွဲသည် ယမန်နေ့ (ဇွန် ၁၀)ရက် ညနေပိုင်းထိ တိုက်ပွဲပြင်းထန်နေသေးကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အပြန်အလှန်နယ်မြေလုသည် ဆိုသည့် အကြောင်းပြချက်ဖြင့်...
ကျေးသီးမြို့နယ် နောင်ဆွမ်း စစ်ရှောင် (၄၀၀)ကျော် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ နောင်ဆွမ်းဘုန်းကြီးကျောင်းရှိ စစ်ရှောင် (၄၀၀) ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် နောင်ဆွမ်းစစ်ရှောင် (၄၀၀) ကျော် စစ်ရှောင်နေရပြီး လက်ရှိတွင် မိုးရာသီရောက်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ကြောင်း စစ်ဘေးရှောင်တစ်ဦး က သျှမ်းသံတော်ဆင့်...
ကွတ်ခိုင်-သိန္နီ လမ်းမကြီးပေါ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်- သိန္နီ လမ်းမပေါ် သိန္နီမြို့ အဝင် ယနေ့ (ဇွန် ၁၀)ရက် မနက် ၉ နာရီကျော်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ မှ ယနေ့ မနက် (၉ )နာရီကျော်မှ (၁၀)နာရီခွဲကျော်ထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်...
နမ့်လန်မြို့ရှိ ကျေးရွာပြည်သူ ၄ ဦးကို SSPP/SSA မှ ဖမ်းဆီးသွား
SHAN -
သျှမ်ပြည် မြောက်ပိုင်း နမ့်လန်မြို့ရှိ မန်လီကျေးရွာအုပ်စုတွင်နေထိုင်သည့် ပြည်သူ (၄) ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) မှ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ SSPP/SSA မှ ဖမ်းဆီးသွားသည့် ပြည်သူများမှာ နမ့်လန်မြို့ မှ မန်လီကျေးရွာ ပြည်သူ ( ၃)...
စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး တံတားပေါ် ပေါက်ကွဲမှု ဖြစ်ပွားပြီး လမ်းပိတ်ထား
သျှမ်းပြည် ဆီဆိုင်မြို့ နှင့် ကယားပြည် လွိုင်ကော်မြို့ကို ဆက်သွယ်ထားသည့် ထီးစဲခါးတံတားပေါ် ယနေ့ (ဇွန် ၉)ရက် မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး၊ စစ်ကောင်စီ မှ လမ်းပိတ်ထားကြောင်း သတင်းရရှိသည်။ ပေါက်ကွဲမှုကြောင့် တံတားပျက်စီးမှုအနည်းငယ်ရှိခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ တပ်သားများက တံတားကို လမ်းပိတ်လိုက်ကြောင်း ဆီဆိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်...





