CATEGORY

စစ်ရေး

ကျောက်မဲ မိုင်းတင်းအုပ်စု စစ်ရှောင် (၃၄) ဦး ကိုဗစ် ထပ်မံကူးခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင် (၃၄)ဦးထံမှ ယနေ့ (စက်တင်ဘာလ ၁၇ရက်)တွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု ပြိန်းခါးနှင့် နားမွန်းစစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံ နေသည့် စစ်ရှောင်များထံမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “ပြိန်းခါးစစ်ရှောင်စခန်းကနေ (၂၉)ယောက် ပိုးတွေ့တယ်၊ နားမွန်းကတော့ (၅)ယောက်ပါ၊...

မိုင်းထိလူနာကို ဆေးရုံပို့ ပြန်လာတဲ့ လူမှုရေးအသင်းကား ပစ်ခတ်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာလ (၁၆)ရက်) မွန်းလွဲ(၃)နာရီခွဲဝန်းကျင်က မိုင်းထိလူနာကို ဆေးရုံပို့ပြီး ဟူကျေးရွာသို့ ပြန်လာသည့် လူမှုရေးအသင်းကား ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ မိုင်းထိဒဏ်ရာရရှိခဲ့သည့် ဟူးကွက်ဒေသခံ(၂)ဦးအား ဂရုဏာလူမှုကူညီရေးအသင်းကားဖြင့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် စက်တင်ဘာ (၁၆)ရက်နေ့ မွန်းလွဲပိုင်းက ဟူးကွက်ကျေးရွာသို့ ပြန်လာစဉ် ရွာအဝင်တွင်...

ကျောက်မဲ ဟူးကွက်ဒေသခံ (၂)ဦး မိုင်းနင်းမိ ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာအုပ်စု ဟူးကွက်ကျေးရွာဒေသခံ(၂)ဦး ယနေ့ (စက်တင်ဘာ ၁၅)ရက် တွင် မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုမိုင်းနင်းမိသူများသည် ကျောက်မဲမြို့နယ် ဟူးကွက်ဒေသခံ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၁၅)ရက် မနက်ပိုင်းတွင် ရွာအပြင်တွင် မိုင်းနင်းမိခဲ့တာဖြစ်ကြောင်း...

မိုင်းကိုင် စစ်ရှောင် (၂၃၀၀)ခန့် ရောက်ရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ရွာတွင် စစ်ရှောင် (၂၃၀၀) ခန့် မိုးကာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာ (၁၄) ရက် သျှမ်းတပ် (၂) တပ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်း...

ကျောက်မဲ စစ်ရှောင်များ မိုးကာနှင့်စားနပ်ရိက္ခာများ ခက်ခဲနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများ မိုးကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။ လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းတစ်ချို့တွင် မိုးကာများလုံလောက်မှု မရှိခြင်းနှင့် စားနပ်ရိက္ခာ ခက်ခဲမှုများ ဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “ဟူးစွန်စစ်ရှောင်စခန်းမှာက မိုးကာတွေ မရှိလို့ မိုးရွာရင် ဒုက္ခရောက်နေကြတယ်၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်၊...

သျှမ်းတပ် (၂) တပ် စစ်ရေး တင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် စစ်ရှောင် (၁၂၀၀) ခန့် ထွက်ပြေးလာရပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၁၄) ရက် မနက် (၈) နာရီခန့်က စတင်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်သဖြင့်...

သျှမ်းတပ်(၂)တပ် မိုင်းကိုင်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီး ယန့(စက်တင်ဘာ ၁၄)ရက် မနက် ၈နာရီမှစတင်ကာ လက်ရှိအချိန်ထိ သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ “တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ဒီမနက် (၈) နာရီလောက်က ခုလက်ရှိချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ မြေပြင်သတင်းအချက်လက်တော့ ကျနော်တို့လဲ မသိရသေးဘူး” ဟု...

မူဆယ်မြို့နယ် စိန်ကျော့ပြည်သူ့စစ်စခန်း မီးရှို့ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု မိုင်းမိုင်စခန်း (စိန်ကျော့ပြည်သူ့စစ်စခန်း) မီးရှို့ခံရကြောင်းစုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၉ ) ရက် မနက် ၈ နာရီခန့်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ က လာရောက် မီးရှို့ကြောင်း စုံစမ်းသိရှိရသည်။ “ခုလက်ရှိချိန်ထိ ရှို့နေတုန်းပဲ။ ဘယ်သူမှ အနီးမသွားရဘူး။ ဘယ်သူလဲဆိုတာတော့...

NUG မှ အရေးပေါ်ကြေညာ ပြီးနောက် သျှမ်းပြည် မြို့ကြီး တချို့ စစ်ဆေးမှုများတင်းကြပ်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယနေ့ (စက်တင်ဘာ ၇)ရက် စစ်အာဏာရှင် ချေမှုန်းရေး အတွက် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မှ သျှမ်းပြည်မြို့ကြီး တချို့တွင် စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ စစ်သားနှင့် ရဲများသည် ယနေ့ (စက်တင်ဘာ ၇) ရက်...

လွိုင်ကော်မြို့နယ် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ၃ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်များစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် လွိုင်ကော်မြို့နယ်ရှိ ဒေါပိုးစီကျေးရွာတွင် စစ်ကောင်စီတို့သည်...

Latest news