Monday, May 6, 2024

စစ်ရှောင်ကူညီနေသည့် လဲချားလူငယ် ခြိမ်းခြောက်ခံနေရ

Must read

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ဘေးရှောင်များကို လိုက်လံကူညီပေးနေသည့် လဲချားလူငယ်များ ယခုရက်ပိုင်း ခြိမ်းခြောက်ခံနေကြောင်း စုံစမ်းသိရသည်။

ယခုရက်တပတ်အတွင်း စစ်ရှောင်များအတွက် လိုက်လံကူညီလုပ်ဆောင်ပေးနေသည့် လဲချားလူငယ်သည် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်စကားများပြောဆိုခံရကြောင်း လဲချားလူငယ်တစ်ဦး စိုင်းဦး (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဖုန်းဆက်ပြီး မင်းက ဘာကောင်မို့လို့ စေတနာရှင်လုပ်နေရတာလဲ၊ မင်းဆက်လုပ်နေရင် မင်းအသက်ရဲ့ လုံခြုံရေးအတွက် ငါတို့ အာမ မခံပေးနိုင်ဘူး”ဆိုသည့် ခြိမ်းခြောက်ပြောဆိုခံရကြောင်း လဲချားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနည်းတူ အောက်တိုဘာ ၁ ရက်တွင်လည်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လဲချားလူငယ်များလည်း ဖေ့ဘွတ် မက်ဆင်ဂျာမှတဆင့် ခြိမ်းခြောက်ခြင်းခံရကြောင်း အမည်မဖော်လိုသည့် လဲချားလူငယ်ကပြောသည်။

“ဖေ့ဘွတ်စ် မက်ဆင်ဂျာ မှာ စာအရင်ပို့လာတယ်။ သူငယ်ချင်းမဖြစ်ထားဘူးတော့ မသိဘူး။ ဝင်မကြည့်မိဘူးလေ၊ အဲ့နဲ့ မက်ဆင်ဂျာကနေပဲ Video Call ခေါ်ပြီးတော့ ပြောတယ်၊ မင်းက ဘာကောင် မို့လို့ ဒီလိုတွေ လုပ်နေတာလဲ၊ သတ္တိရှိရင် မင်းရဲ့နေရပ်လိပ်စာပို့ခဲ့လိုက် ဆိုပြီးပြောလာတယ်တဲ့၊ အပြောခံရတဲ့သူ ကလည်း လန့်ပြီးတော့ ဖုန်းကို နိပ်ချလိုက်တာ” ဟု အမည်မဖော်လိုသည့် လူငယ်က ပြောသည်။

စစ်ဘေးရှောင်များကို ကူညီနေသည့်လူငယ်များ ခြိမ်းခြောက်သတိပေးခြင်း ခံနေရသည့်အတွက် လူငယ်များအနေဖြင့် စိုးရိမ်ှုမရှိကြောင်း၊ ထိုခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး နားမလည်ကြောင်း လဲချားလူငယ်များက ပြောသည်။

“ဒုက္ခရောက်နေကြတဲ့ စစ် ဘေး ရှောင်တွေအတွက် ကူညီပေးနိုင်ဖို့အတွက်နဲ့ ပြည်သူ ကနေပြည်သူကို ကူညီပေးနေတာဖြစ်တဲ့အတွက် အားလုံးကိုနားလည် ပေးစေချင်တယ်၊ ပြည်သူတွေအချင်းချင်းလည်း ဟိုအဖွဲ့ဖြစ်တယ်၊ ဒီအဖွဲ့ဖြစ်တယ်ဆိုတဲ့ သဘော ထားကွဲလွဲမှုတွေ မဖြစ်သင့်ဘူး၊ တကယ်လို့သာ စစ်ဘေးရှောင်တွေကို ကူညီသူတွေက စိတ်ပိုင်းဆိုင် ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ခြိမ်းခြောက်မှုရှိလာခဲ့ရင် မလုံခြုံတော့ဘူး” ဟု သျှမ်းလူငယ် စိုင်းလျန်း က ဆိုသည်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း စက်တင်ဘာ (၁၄) ရက် မှစတင်ပြီး ဖြစ်ပွားသည့် သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင် (၃၀၀၀) နီးပါးသည် နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးဒဏ်ခံနေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article