မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၅၀၀၀) ကျော်ထိရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၅၀၀၀) ကျော်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်း နှင့် အသိပညာပေးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ထိုစစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ (၃၆၀၀) ကျော် ရှိပြီး၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၂၀၀) ကျော်ရှိပြီး ၊ ဝိန်းငင်းဘုန်းကြီးကျောင်း (၁၀၀)ကျော် ၊ လမ်ဘေး တစ်ချို့မှာ တဲဖြင့် လာဆောက်ထားသည့် ဒေသခံ (၁၅၀) ကျော် နှင့် မိုင်းကိုင်မြို့တွင်းရှိ ဆွေမျိုး အသိမိတ်ဆွေအိမ်များဖြင့် သွားရောက်ခိုလှုံထားသည့် သူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

“ခု စစ်ရှောင်တွေ လာနေတဲ့ ပန်ကေတုကျေးရွာမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦးရှိသွားပြီ။ အဲ့ကြောင့် အရမ်းစိုးရိမ်ရတယ်။ ကိုဗစ်-၁၉ အသိပညာပေးလည်း အရမ်းလိုအပ်နေတယ်။ပြီးတော့ ကာကွယ်ရေးသုံးပစည်းတွေလည်း လိုအပ်နေတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦးကပြောသည်။

အောက်တိုဘာ (၄) ရက်နေ့က ပန်ကေတုကျေးရွာမှာ အမျိုးသမီး တစ်ဦး ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ဦးတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရှိရသည်။

“သူက ဟိုခဲကျေးရွာက ဒေသခံဖြစ်တယ်။ သူနဲ့ ထိတွေတဲ့သူတွေ စစ်ဆေးကြည့်တော့ ပိုးမတွေ့ရဘူး။ ခု မိုင်းကိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” ဟု ပန်ကေတု စစ်ရှောင်စခန်း ကော်မတီ တစ်ဦး ကပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်တွင်းရှိ စစ်ရှောင်စခန်းများသည် မီးဖိုချောင်သုံး အခြေခံ စားနပ်ရိကာများလည်း လိုအပ်နေကြောင်း သိရှိရသည်။

စက်တင်ဘာ (၁၄) ရက်နေ့က စတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်တွင်းရှိ ဒေသခံပြည်သူများ နေ့စဉ်နှင့်အမျှ စစ်ဘေးတိမ်းရှောင်နေရသည်။
တိုက်ပွဲကြောင့် ကုန်းပေါင်းကျေးရွာရှိ ဒေသခံ (၄) ဦး လက်နက်ကြီး ထိမှန်ပြီး တစ်ဦး သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...