မူဆယ်မြို့နယ် ကျင်ဆန်ကျော့ တိုက်ပွဲဖြစ် ရဲတစ်ဦး သေဆုံး

တရုတ်- မြန်မာနယ်စပ် မူဆယ်ခရိုင် ကျင်ဆန်ကျော့ တွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့တစ်ဦး သေဆုံး သွားကြောင်း သတင်းရရှိသည်။

ယမန့်နေ့ အောက်တိုဘာ (၃) ည (၇) နာရီဝန်ကျင်းတွင် ကျင်ဆန်ကျော့ ဆဲဗင်း ဟွာကျင်း ဓာတ်ဆီဆိုင် ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ တအာင်း(ပလောင်း) နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်တာ။ ရဲဘက်က တစ်ဦးသေသွားတယ်လို့ပြောတယ်။ ဘာလို့တိုက်ပွဲ ဖြစ်လဲတော့ မသိရဘူး။ မနေ့ကတော့ အဲဘက်မှာ သေနတ်သံတွေ ကြားနေရတယ် ” ဟု ကျင်ဆန်ကျော့တွင် နေသည့် အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် စစ်ဝတ်စုံမဝတ်ဆင်ဘဲ ရဲဝတ်စုံ လှဲဝတ်ကာ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူများကိုလည်း ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“ သူတို့က ပြည်သူတွေ အနိုင်ကျင့်တယ်။ လမ်းသွားလမ်းလာ အဲလိုသူတွေကို ပိုက်ဆံကောက်တာယူတာ၊ တောင်းတာရှိတယ်။ သူတို့တွေက စစ်သားတွေဘဲတဲ့။ ရဲဝတ်စုံကိုလှဲဝတ်ထားတဲ့သူတွေဖြစ်တယ်” ဟု ကျင်းစန်းကျော့ ဒေသခံ တဦးက ပြောသည်။

လက်ရှိကာလအတွင်း TNLA သည် ကျင်ဆန်ကျော့ဘက်တွင် တပ်စခန်းလာရောက်ချနေလျက်ရှိကြောင်း ဒေသခံများ ကပြောသည်။

“ သူတို့ (TNLA) ဒီဘက်ကို ရောက်နေတာ။ ဒီဘက်မှာ တပ်စခန်းကို လာချမယ်လို့ ပြောတာကြားတယ်” ဟု ထို အနီးပတ်ဝန်ကျင် တွေနေထိုင်သူက ပြောသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး TNLA မှပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးမိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သျှမ်းမြောက် မူဆယ်ခရိုင် အတွင်း ကိုးကန့်တပ် (MNDAA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ TNLA ၊ KIA နှင့် စစ်ကောင်စီတို့ လှုပ်ရှားသွားလာနေသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သစ်ပင်တွေဆီက ပေးစာ”

0
ကျနော်ရဲ့ နာမည်က "သစ်ပင်" ပါ။ ကျနော် ဒီနေရာမှာ အခြေချနေထိုင်လာတာ လူတွေရဲ့ သက်တမ်းနဲ့ဆိုရင်တော့ နှစ် ၁၀၀ ကျော်ရှိနေပြီ။ လူတွေက ကျနော်ကို ငြိမ်သက်နေပြီး စကားမပြောတက်၊ အသံမထွက်တက်တော့ သက်မဲ့လို့ ထင်ကောင်းထင်ကြမယ်ဗျ။ တကယ်တော့ ကျနော့မှာလည်း နာကျင်မှုတွေ၊ ခံစားချက်တွေနဲ့ ပြောချင်တဲ့ စကားတွေ...

ချင်းမိုင်တွင် အမျိုးသမီးကို ဗန်းပြမြှူဆွယ်ခိုင်းပြီး ပြန်ပေးဆွဲ ငွေညှစ်မှု ဖြစ်ပွား

0
ချင်းမိုင်မြို့တွင် အမျိုးသမီးတဉီးကို ဗန်းပြပြီး အမျိုးသားတစ်ဦးအား လူချင်းတွေ့ဆုံရန် မြှူဆွယ်ခေါ်ယူပြီး ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) နံနက်အစောပိုင်း ၃ နာရီခန့်တွင် ချင်းမိုင်မြို့ Chang Khlan နယ်မြေအတွင်း ပြန်ပေးဆွဲသူအုပ်စုထဲမှ အမျိုးသမီးတဉီးက မစ္စတာဖားအစ် ဆိုသူကို ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး လှည့်ဖြားခေါ်ယူခဲ့သည်။ ထို့နောက်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မိုင်းရှူးမြို့ တောင်ကျချောင်းရေကြောင့် ရေကြီးမှုဖြစ်

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ရေကြီးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ်လ ၂၇ ရက်) မှစပြီး မိုင်းရှူးမြို့ပေါ်ရှိ ရပ်ကွက် (၃) မြေနှိမ့်ပိုင်း နှင့် ပန်စွဲကျေးရွာတို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပန်စွဲကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သံလွင်မြစ်ထဲ နယ်စပ်သစ်မှောင်ခို ကျွန်းသစ်ဖောင်ကြီး ထိုင်းဘက်သို့ မျောလာ

0
ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် ကျွန်းသစ်လုံး ၆၀ မှ ၇၀ ခန့် ပါဝင်သည့် သစ်ဖောင်ကြီးတစ်ခုမျောလာပြီး ထိုင်းအာဏာပိုင်များမှ နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုကူးမှုများကို စုံစမ်းနေကြောင်း The Nation Thailand သတင်းတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၆ ရက်က ထိုင်းရဲတပ်ဖွဲ့များမှ မြစ်ကြောင်းအတိုင်း ကင်းလှည့်စဉ်...