မိုင်းကိုင်တိုက်ပွဲ အရပ်သား (၄)ဦး လက်နက်ကြီး ထိမှန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံ ရွာသား (၄) ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၄) ရက် ညနေ ၅ နာရီခန့်က ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းရွာမှ ဒေသခံ (၄) ဦး လက်နက်ကြီး ထိမှန်ပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

“သူတို့နေတဲ့ ရွာ(ကုန်းပေါင်း) မှာ လက်နက်ကြီး လာကျပြီး ဒေသခံ (၄) ဦး ထိသွားတယ်။ ကုန်းပေါင်းက ဒေသခံတွေ ခုထိ ထွက်ပြေးနေရတယ်” ဟု ပန်ကေတု မှ ဒေသခံတ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်နက်ကြီးထိမှန်သည့် (၄)ဦးမှာ အမျိုးသား (၁)ဦး ၊ အမျိုးသမီး (၁)ဦးနှင့် ကလေး (၂)ဦးဖြစ်ကြောင်းသိရသည်။

“အမျိုးသားက ဝမ်းဗိုက်မှာ ထိပြီး။ အမျိုးသမီး တစ်ဦးက ခြေထောက်မှာ တစ်ယောက်ထိတယ်။ ကလေး (၂) ယောက်က လက်တွေမှာ ထိမိတယ်”ဟု ပန်ကေတုကျေးရွာက ဒေသခံ တစ်ဦး ကပြောသည်။

ကုန်းပေါင်းကျေးရွာနှင့် ကုန်းလိုင်းကျေးရွာမှ ထွက်ပြေးလာသည့် ဒေသခံ ခန့်မှန်းခြေ (၈၀၀)နီးပါးရှိပြီး၊ ထိုစစ်ရှောင်မျာသည် ပန်ကေတုရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးလာကြပြီး၊ စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအရေးပေါ်လိုအပ်နေကြောင်းသိရသည်။

“ စစ်ရှောင်တွေက ဘုန်းကြီးကျောင်းထဲပြည့်သွားပြီ၊ အခု စစ်ရှောင် တွေ ခန့်မှန်းခြေ (၈၀၀)နီးပါးရှိတော့ နေဖို့အမိုးအကာတွေ အစားအသောက်တွေ အရေးပေါ်လိုနေတယ်” ဟု စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ကုန်းပေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီး (၂)လုံးကျကြောင်းသိရသည်။

အောက်တိုဘာ (၃) ရက်နေ့ထိ ပန်ကေတုကျေးရွာတွင် ရှိသည့် စစ်ရှောင်များ စာရင်း (၂၂၃၃) ဦးရှိပြီး လက်ရှိ ကုန်းပေါင်းကျေးရွာနှင့် ကုန်းလိုင်းကျေးရွာ မှ ဒေသခံများသည် ပန်ကေတုစစ်ရှောင်စခန်းသို့ ထွက်ပြေးလာကြကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သစ်ပင်တွေဆီက ပေးစာ”

0
ကျနော်ရဲ့ နာမည်က "သစ်ပင်" ပါ။ ကျနော် ဒီနေရာမှာ အခြေချနေထိုင်လာတာ လူတွေရဲ့ သက်တမ်းနဲ့ဆိုရင်တော့ နှစ် ၁၀၀ ကျော်ရှိနေပြီ။ လူတွေက ကျနော်ကို ငြိမ်သက်နေပြီး စကားမပြောတက်၊ အသံမထွက်တက်တော့ သက်မဲ့လို့ ထင်ကောင်းထင်ကြမယ်ဗျ။ တကယ်တော့ ကျနော့မှာလည်း နာကျင်မှုတွေ၊ ခံစားချက်တွေနဲ့ ပြောချင်တဲ့ စကားတွေ...

ချင်းမိုင်တွင် အမျိုးသမီးကို ဗန်းပြမြှူဆွယ်ခိုင်းပြီး ပြန်ပေးဆွဲ ငွေညှစ်မှု ဖြစ်ပွား

0
ချင်းမိုင်မြို့တွင် အမျိုးသမီးတဉီးကို ဗန်းပြပြီး အမျိုးသားတစ်ဦးအား လူချင်းတွေ့ဆုံရန် မြှူဆွယ်ခေါ်ယူပြီး ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) နံနက်အစောပိုင်း ၃ နာရီခန့်တွင် ချင်းမိုင်မြို့ Chang Khlan နယ်မြေအတွင်း ပြန်ပေးဆွဲသူအုပ်စုထဲမှ အမျိုးသမီးတဉီးက မစ္စတာဖားအစ် ဆိုသူကို ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး လှည့်ဖြားခေါ်ယူခဲ့သည်။ ထို့နောက်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မိုင်းရှူးမြို့ တောင်ကျချောင်းရေကြောင့် ရေကြီးမှုဖြစ်

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ရေကြီးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ်လ ၂၇ ရက်) မှစပြီး မိုင်းရှူးမြို့ပေါ်ရှိ ရပ်ကွက် (၃) မြေနှိမ့်ပိုင်း နှင့် ပန်စွဲကျေးရွာတို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပန်စွဲကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သံလွင်မြစ်ထဲ နယ်စပ်သစ်မှောင်ခို ကျွန်းသစ်ဖောင်ကြီး ထိုင်းဘက်သို့ မျောလာ

0
ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် ကျွန်းသစ်လုံး ၆၀ မှ ၇၀ ခန့် ပါဝင်သည့် သစ်ဖောင်ကြီးတစ်ခုမျောလာပြီး ထိုင်းအာဏာပိုင်များမှ နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုကူးမှုများကို စုံစမ်းနေကြောင်း The Nation Thailand သတင်းတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၆ ရက်က ထိုင်းရဲတပ်ဖွဲ့များမှ မြစ်ကြောင်းအတိုင်း ကင်းလှည့်စဉ်...