Sunday, February 1, 2026

CATEGORY

စစ်ရေး

နမ္မတူမြို့နယ် နေအိမ်တချို့ TNLA တပ်သားများ ဝင်ရောက်နေထိုင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု ထဲတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က ပြည်သူနေအိမ်တွင် ဝင်ရောက်နေထိုင်နေကြကြောင်း စုံစမ်းသိရသည်။ TNLA တပ်သားများသည် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုထဲတွင် (၂) လကျော် နေထိုင်သဖြင့် ပြည်သူများစိတ်လုံခြုံမှုမရှိကြောင်း၊ ထို့ပြင် အိမ်တွင်းရှိ မီးဖိုချောင်ပစ္စည်းများကိုလည်း စည်းကမ်းမဲ့ယူသုံးစွဲနေကြောင်း ပန်လုံ ဒေသခံ အမျိုးသား...

ကျောက်မဲမြို့နယ် စစ်ရှောင် (၁၅၀၀)ကျော်ထိ ရှိလာ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လ (၁၇)ရက် ယမန်နေ့အထိ စစ်ဘေးရှောင်နေရသူ (၁၅၀၀)ကျော်ထိ ရှိလာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ နယ်မြေထိန်းချုပ်ရေးကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများလည်း ပိုမိုများပြားလာကြောင်း...

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကြား အရပ်သားနေအိမ်(၂)လုံး လက်နက်ကြီးထိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာ နှင့် ပန်ကွမ်ကျေးရွာ အနီးတဝှိက် တိုက်ပွဲဖြစ်ပွားပြီး နေအိမ် (၂) အိမ် လက်နက်ကြီးထိသွားကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် သြဂုတ် (၁၁)ရက် မှ စတင်ကာ ယနေ့ထိ တိုက်ပွဲပြင်းထန်ပြီး ပန်ကွမ် ကျေးရွာ အနီးတဝှိက်...

လူထုကာကွယ်ရေးတပ် PDF နှိမ်နင်းရန်အတွက် ရလခ စစ်တိုင်းရုံး မှ ပြည်သူ့စစ်ထံ အင်အားဆင့်ဆို

သျှမ်းပြည်အတွင်း လှုပ်ရှားနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  PDF  များကို နှိမ်နင်းရန်အတွက် အာဏာသိမ်း စစ်ကောင်စီက ဌာနေပြည်သူ့စစ်များကို အင်အားဖြည့်တင်းစေပြီး စစ်ကူတောင်းလာကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း အတွင်း လှုပ်ရှားနေသည့် လူထုကာကွယ်ရေးတပ်အား နှိမ်နင်းရန်အတွက် ပြည်သူ့စစ် တပ်ဖွဲ့တိုင်းအင်အားဖြည့်တင်းရန်၊ ကိုင်ဆောင်ထားသည့် သေနတ်များ၊ လူစာရင်းများ စစ်တိုင်းရုံးထံ စာရင်းပေးပို့ရန်၊ လူထုကာကွယ်ရေးတပ်ထံ...

သီပေါ နမ့်လန်ဒေသရှိ စစ်ရှောင်(၅၀၀)ကျော် သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၁)ရက်နေ့က သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်(၅၀၀)ကျော် သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်ကောင်းနှင့်...

ကျောက်မဲမြို့နယ် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ် အရပ်သားတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာ နှင့် ပန်ကွမ်ကျေးရွာဟောင်း မှာ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် ယနေ့ (သြဂုတ် ၁၇)ရက် မနက် (၅)နာရီမှ စတင်ကာ လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။ “ခုချိန်ထိ ရွာထဲမှာ ပစ်နေတုန်းပဲ။ အာစီ...

ကျောက်မဲ စစ်ရှောင် (၄၀၀)ကျော် အကူအညီ လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် (၄၀၀)ကျော်အတွက် အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ ယခုသြဂုတ်လ (၁၁)ရက်နေ့မှ စပြီး ကျောက်မဲမြို့နယ် ပန်ကွမ်၊ ပန်ဖြတ်ကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူများ ကျောက်မဲမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီ လိုအပ်နေကြောင်း သိရသည်။ “တိုက်ပွဲတွေက...

မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းအနီးတွင် သြဂုတ်လ (၁၄)ရက်နေ့၊ မွန်းလွဲ (၃)နာရီခန့်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်များ နေရာထပ်မံပြောင်းရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။ မိုင်းငေါ့မြို့ မန်ပင့်ကျေးရွာ စာသင်ကျောင်းတွင် စစ်ရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံထံမှ...

မိုင်းကိုင်ရောက် စစ်ရှောင် (၆၄)ဦး အစားအသောက်နှင့် ဆေးဝါးလိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုတွင် စစ်ရှောင် (၆၄) ဦး အစားအသောက် နှင့် ဆေးဝါးများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၁၁) ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မွေးကင်းစ ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော်...

RCSS နှင့် TNLA တိုက်ပွဲ ကျောက်မဲကျေးလက်ဒေသခံ စစ်ဘေးရှောင်ရာဂဏန်းတိုး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အနောက်တောင်ဘက်တစ်ကျော RCSS နှင့် TNLA တို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှုကြောင့် စစ်ရှောင်လူဦးရေ ရာဂဏန်း ထပ်တိုးလာကြောင်း သတင်းသိရသည်။ ယနေ့ သြဂုတ်လ ၁၃ ရက် ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ အနောက်-မြောက်ဘက် ၁၅ မိုင်...

Latest news