Tuesday, April 30, 2024

ကွတ်ခိုင်မြို့ စစ်ကောင်စီမှ တစ်ဖက်သက် သေနတ်ပစ်နေ

Must read

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၂)ရက် မနက် ၉ နာရီ ဝန်းကျင်၌ စစ်ကောင်စီဘက်မှ တစ်ဖက်သက် သေနတ်ဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“တစ်ဖက်သက် အသံပဲကြားရတယ်။ (၇) ချက် (၈) ချက်လောက် ပစ်တယ်။ ဝမ်ပန်၊ ဟွေ့ခုတ်ရွာဘက် ပစ်သွားတယ်” ဟု ကွက်ခိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈)ရက်နေ့မှာလည်း ကွက်ခိုင် တိုးဂိတ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုးဂိတ် ဝန်းထမ်း (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ကွက်ခိုင်မြို့နယ်သည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် နေရာဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article