မိုင်းကိုင််မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ (၁၅၀၀)ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ အချင်းချင်းကြောင့် ဒေသခံ (၁၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စု ဟွေ့နွဲ့ကျေးရွာနှင့် ဟိုနားကျေးရွာတို့ အနီးတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ကျေးရွာဒေသခံများ မိုင်းကိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရကြောင်း မိုင်းကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကအထိ စစ်ရှောင် (၁၅၀၀)ကျော် ရှိတယ်။ တိုက်ပွဲနေရာက မြို့နဲ့ (၆) မိုင်လောက်ပဲဝေးတယ်။ အစားအသောက် နဲ့ ဆေးဝါးတွေတော့ လိုအပ်တယ်” ဟု မိုင်းကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဇန်နဝါရီ (၂)ရက်နေ့အထိ မိုင်းကိုင်မြို့ပေါ်ရှိ စစ်ရှောင် (၁၅၀၀)ကျော်သည် မွေတော်ကျောင်း (တောင်ကျောင်း)၊ နားလုံဘုန်းကြီးကျောင်း၊ လွယ်လိုင်ဘုန်းကြီးကျောင်း၊ ကျောင်းခမ်းဘုန်းကြီးကျောင်း၊ ဝိန်းငင်းဘုန်းကြီးကျောင်း၊ မြို့လယ်ဘုန်းကြီးကျောင်းနှင့် မြို့ပေါ်ရှိ ဆွေမျိုးအိမ်များတို့တွင် နေထိုင်နေရကြောင်း သိရသည်။

“တိုက်ပွဲက နေ့တိုင်းနီးပါး ဖြစ်နေတယ်။ ဘယ်အဖွဲ့တွေလည်းတော့ မသိရဘူး။ ပြောင်းတွေ စပါးတွေလည်း အကုန်မယူရသေးဘူး” ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး နည်းလမ်းရှာဖွေကာ တိုင်းရင်းသားပြည်သူအပေါင်း လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောင်နိုင်ရေး စုပေါင်းဆောင်ရွက်ကြရန် ရှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU)မှ ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

သျှမ်းပြည်နေ တိုင်းရင်းသားလူမျိုးစု အားလုံး၏ ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ စုပေါင်းရေးဆွဲသည့် သျှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရန်လိုအပ်ကြောင်း CSSU ၏ အတွင်းရေးမှူးချုပ် စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သျှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအပေါ်မှာ အားလုံး လာရောက်ပြီးတော့မှ ပါဝင်ဆွေးနွေးကြဖို့ ဖြစ်တယ်။ အဲ့လို ပါဝင်ဆွေးနွေးနေရင်းနဲ့ နိုင်ငံရေးအရ ကျေလည်မှု ရသွားတာနဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ယုံကြည်ထားပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးနေရင်းနဲ့ စစ်ရေးအရ ပြေလည်စေမယ့် နည်းလမ်းကို ချဉ်းကပ်မှာ ဖြစ်ပါတယ်” ဟု စိုင်းလိတ်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...