မိုင်းကိုင်မြို့နယ် စစ်ရေးတင်းမာနေဆဲ ဒေသခံများ ထပ်မံထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉)ရက်မှ စတင်ပြီး မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ဒေသခံပြည်သူများ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၇)ရွာမှ ဒေသခံများသည် မိုင်းကိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“နှစ်ဖက် စစ်ရေးက အရမ်းတင်းမာနေတော့ ကြိုတင်ပြီး ရှောင်ထားတာတွေရှိတယ်။ ခုနက ဒေသခံတွေရဲ့ ပစ္စည်းတွေ ထော်လဂျီပေါ် သယ်လာတာ (၇)စီး (၈)စီးလောက်ရှိပြီ။ တိုက်ပွဲပြင်းထန်လာမှာကို အရမ်းစိုးရိမ်ကြတယ်။ ဟိုနားကျေးရွာအုပ်စုထဲတော့ ရွာတိုင်းနီးပါး ထွက်ပြေးတိမ်းရှောင်ထားတယ်လို့ သိရတယ်” ဟု မိုင်းကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဟိုနားကျေးရွာအုပ်စုသည် မိုင်းကိုင်မြို့နှင့် (၁၅)မိုင်ခန့်သာ ကွာဝေးသဖြင့် မြို့တွင်းထဲထိ တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

“မြို့နဲ့လဲ (၁၅)မိုင်လောက်ပဲ ဝေးတော့တယ်။ မြို့ထဲက သူတွေလဲ စိတ်ပူကြတယ်။ တိုက်ပွဲတွေ မြို့တွင်းထဲထိ ဖြစ်လာမှာကို စိုးရိမ်ကြတယ်။ လက်နက်ကိုင်တွေလဲ မြို့ရဲ့အနီးဝန်းကျင်မှာ ရှိနေကြတယ်လို့ သိရတယ်” ဟု စစ်ရှောင်များ လာရောက်နားခိုသည့် မွေတော်ကျောင်းအနီးမှာ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဇန်နဝါရီ (၂)ရက်နေ့အထိ မိုင်းကိုင်မြို့ပေါ်ရှိ စစ်ရှောင် (၁၅၀၀) ကျော်သည် မွေတော်ကျောင်း (တောင်ကျောင်း)၊ နားလုံဘုန်းကြီးကျောင်း၊ လွယ်လိုင်ဘုန်းကြီးကျောင်း၊ ကျောင်းခမ်းဘုန်းကြီးကျောင်း၊ ဝိန်းငင်းဘုန်းကြီးကျောင်း မြို့လယ်ဓမ္မာရုံ၊ မြို့ပေါ်ရှိ ဆွေမျိုးအိမ်များအပြင် တပေါင်းပွဲလုပ်သည့် နေရာ၊ ညောင်ပင်အောက်များတွင်လည်း လာရောက်နေထိုင်ကြရကြောင်း စုံစမ်းသိရှိရသည်။

“မနေ့ နဲ့ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မကြားရဘူး။ ဒါပေမယ့် ဒေသခံတွေတော့ မပြန်ရဲသေးဘူး။ စစ်ရေးတင်းမာနေသေးတဲ့အချိန်ဖြစ်လို့ ပြန်ရင်လဲ ဘယ်ချိန် တိုက်ပွဲပြန်ဖြစ်မယ်ဆိုတာ မသိရဘူး” ဟု ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၄ ရက်)ထိ မိုင်းကိုင်မြို့ပေါ်သို့ ထွက်ပြေးလာသည့် စစ်ရှောင်စာရင်း အတိအကျ မသိရှိရသေးပေ။

သျှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် သျှမ်းပြည်လူထု ထောင်ချီသည် နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးနေရကြောင်း သိရသည်။

သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး နည်းလမ်းရှာဖွေကာ တိုင်းရင်းသားပြည်သူအပေါင်း လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်နိုင်ရေး စုပေါင်းဆောင်ရွက်ကြရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)မှ ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

သို့သော်လည်း သျှမ်းပြည်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ယနေ့ချိန်ထိ စစ်ရေးတင်မားမှု ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...