ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပြီး ထပ်မံပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေး ကျေးရွာတွင် ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် ၃ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့မနက်တွင် စစ်ကောင်စီတပ် တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာတွင်း အုတ်တံတိုင်များ၊ နေအိမ်များ...
မူဆယ်မြို့နယ် မော်တောင်းကျေးရွာ အနီး တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာနှင့် ကောင်းဝှက်ကျေးရွာကြား ယနေ့ (အောက်တိုဘာ ၂၆ ရက်) ညနေ ၅ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် အမည်မသိလက်နက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “သူတို့ မော်တောင်းကျေးရွာဘက်နဲ့ ကောင်းဝှက်ကျေးရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က စပစ်ခံရတာ။ သူတို့က လက်နက်ကြီးတွေနဲ့...
ပန်ဆိုင်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ပြည်သူ့အိမ်များ ထိခိုက်
သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့အတွင်းတွင် ကိုးကန့်တပ်မတော် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီမှ မြို့ထဲသို့ ရမ်းပစ်သည့်အတွက် ပြည်သူအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၉ နာရီကျော်မှ စတင်ကာ ပန်ဆိုင်းမြို့ရှိ ရပ်ကွက်...
ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ညောင်ပင်သာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသမ်း ပစ်ခတ်နေပြီး ဒေသခံပြည်သူ (၂)ဦး ယမ်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ညောင်ပင်သာရပ်ကွက်တွင် ယနေ့ အောက်တိုဘာ (၂၆)ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ဒီနေ့...
ဒီးမော့ဆို ကက်သလစ်ဘုရားကျောင်းအသစ်ကို စစ်ကောင်စီ ပစ်ခတ်
ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆို ၆ မိုင် စံပြကျေးရွာရှိ ဖွင့်ပွဲမလုပ်ရသေးသည့် ကက်သလစ် ဘုရားကျောင်း အသစ်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၉ နာရီဝန်းကျင် အချိန်တွင် ဒီးမော့ဆိုမြို့ ၆ မိုင် စံပြကျေးရွာအတွင်းသို့...
ပန်ဆိုင်းမြို့ လက်နက်ကြီးထိမှန်သည့် အမျိုးသမီး အခြေအနေစိုးရိမ်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးသည် အခြေအနေစိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။ ပန်ဆိုင်းမြို့တွင် လွန်ခဲ့သည့် အောက်တိုဘာ (၂၃)ရက်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး လက်ရှိမှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း...
ကျေးသီးမြို့နယ် ကုန်းကော်ကျေးရွာ ဒေသခံ တစ်ဦး မိုင်းနင်းမိသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာအုပ်စု ကုန်းကော်ကျေးရွာ ဒေသခံတစ်ဦးသည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၄)ရက် နံနက် (၉)နာရီဝန်းကျင်က လုင်းဆမ် (၅၀)နှစ်သည် ခြံသွားစဥ် မြေမြှုပ်မိုင်း နင်းမိကာ ခြေတချောင်းပြတ်ဒဏ်ရာရရှိပြီး ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံးသို့ ရောက်ပြီးနောက် သေဆုံးသွားကြောင်း...
ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်များ ပျက်စီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ကောင်စီတို့သည် လူနေမြို့ရပ်ကွက်များအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များနှင့် စျေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) မွန်းလွဲပိုင်း (၁၂)နာရီခွဲ ဝန်းကျင်အချိန်တွင် သျှမ်းပြည်တောင်ပိုင်း သျှမ်း - ကယားနယ်စပ်ရှိ ဖယ်ခုံမြို့မှ ကုန်းဆုံဘုရားတောင်ပေါ် တွင်...
မိုးဗြဲ စစ်ကောင်စီ သေနတ် ရမ်းသမ်းပစ်၊ အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အာဏာသိမ်းစစ်ကောင်စီတို့၏ တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာ ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာ ၂၄) ရက် မနက်ပိုင်းတွင် ကယားပြည်(ကရင်နီပြည်)နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီမှ သေနတ်ဖြင့် ရမ်းသမ်း...
စစ်ကောင်စီဖျက်ဆီးလိုက်တဲ့ သူတို့သားအမိ အိမ်ပြန်လမ်းခရီး
“စစ်တပ်က အာဏာစစသိမ်းတုန်းကတော့ ဒီလိုပဲဆန္ဒပြကြရင်းနဲ့ ပြီးသွားမယ်လို့ပဲတွေးခဲ့မိတယ်။ ဒီလိုစစ်ဘေး ရှောင်စခန်းကို ရောက်လာရလိမ့်မယ်ဆိုပြီး မတွေးမိခဲ့ဘူး “ လို့ ဖယ်ခုံမြို့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ရောက်ရှိ နေတဲ့ နော်ထူးမြတ်က တိုးညှင်းသော အသံဖြင့် ပြောလာပါတယ်။ နော်ထူးမြတ် ဟာ ကလေး ၂ ယောက်ရဲ့ မိခင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီ...






