CATEGORY

စစ်ရေး

“လက်မလွှတ်ဘူး” TNLA ပြောခဲ့သည့် နောင်ချိုကို စစ်ကောင်စီ အလုံးစုံပြန်ထိန်းချုပ်နိုင်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးရှိ ဌာနဆိုင်ရာရုံးများသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ပန်ဟတ်နှင့် ဈေးရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၊ ဘဏ်များသို့...

TNLA ထိန်းချုပ် မိုင်းငေါ့မြို့အနီး စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၅ ရက်) နေ့လယ် ၁ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မန်ပင့်လမ်းခွဲ တံတားအနီး...

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ထိ ထပ်တိုးလာ

သျှမ်းပြည် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ ထပ်တိုးလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်စုစုပေါင်း ၂ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း၊ အများစုမှာ ကျောက်မဲမြို့အပြင်ဘက် နောင်ပိန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုသို့ စစ်ဘေးရှောင် ထပ်များလာရခြင်းမှာ ယခင်က...

သိန္နီမြို့တွင် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းကို MNDAA ပြုလုပ်ခိုင်းနေ

သျှမ်းပြည် သိန္နီမြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြား ပြုလုပ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရန်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးထပ်ကြဲ၊ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့လယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၄ ရက်) ည ၆ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့လယ်သို့...

နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီ စစ်မှုထမ်းတပ်သားသစ်များ DPLA ထဲ အလင်းဝင်လာကြောင်း ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားသစ် အများ အပြား လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့(ဇူလိုင်လ ၁၄ ရက်) ရက်စွဲဖြင့် DPLA က ရုပ်သံနှင့်တကွ ထုတ်ပြန်လိုက်သည်။ အဆိုပါ ရုပ်သံထဲတွင် ပြီးခဲ့သည့် ဇွန်လအတွင်း...

မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေး(၂) ဦး အပါအဝင် အရပ်သား(၆) ဦး ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ကလေး(၂) ဦး အပါအဝင် အရပ်သား(၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ည ၁၀ နာရီခွဲကျော်တွင် မိုးကုတ်မြို့ ပန်းမထိပ်ရွာ...

ပျောက်ဆုံးနေသည့် ရွာငံဘုန်းကြီးတစ်ပါး ယနေ့ထိ မတွေ့သေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ အုပ်စု တပင်ပျော်ကျေးရွာတွင် ကျောင်းထိုင်သည့် ဘုန်းကြီးတစ်ပါး ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ အစ အန ရှာမရသေးကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးနေသော ဘုန်းကြီးသည် အသက် (၆၀) ဝန်းကျင် ရှိ၍ စစ်သားဟောင်း တစ်ဉီးဖြစ်ပြီး တပင်ပျော်ကျေးရွာတွင် ဘုန်းကြီးဝတ်ဖြင့်...

စစ်ကောင်စီ စစ်မှုထမ်းခေါ်ယူမှု တစ်နှစ်ကျော်ကာလအတွင်း တပ်သားသစ် ၇၅,၀၀၀ ဝန်းကျင် စုဆောင်းခံရ

pတရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည့် တစ်နှစ်ကျော်ခဲ့ပြီး စစ်မှုထမ်းအတွက် အပတ်စဉ် (၁၅) အထိ ခေါ်ယူပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံတဝှမ်း တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေသည့ စစ်ကောင်စီတပ်အတွင်း စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင်...

နောင်ချိုမြို့စွန်ရပ်ကွက်ထဲ စစ်ကောင်စီတပ်ဝင်ရောက်၊ ဂုတ်တွင်းတံတား ဖျက်ဆီးခံရ

သျှမ်းပြည် နောင်ချိုမြို့အနီးသို့ စစ်ကောင်စီတပ် ချဉ်းကပ်လာပြီးနောက် မြို့တောင်ဘက်ရှိ ရပ်ကွက်များထဲသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ညနေပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်ရှိ ပန်ဟက်၊ သပြေရေနှင့် တောင်ရပ်ကွက်အတွင်းသို့ တောင်ခမ်းဘက်မှ ထိုးစစ်ဆင်လာသည့်...

Latest news