မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဖိအားပေးတိုက်ခိုက်နေ

လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲကာ ဖိအားပေးနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၂၅ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာရပ်ကွက်ရှိ ဂေါ်ရခါးဘုရားကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးထပ်မံကြဲချခဲ့သဖြင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးကုတ်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ထဲကို ကြဲတာ၊ လူထိခိုက်ဒဏ်ရာတော့ သေချာမသိရသေးဘူး။ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်” ဟု မိုးကုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မိုးကုတ်မြို့ပေါ် စစ်ကောင်စီလေကြောင်းဗုံးကြဲ

၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ယခုနှစ် ဇူလိုင်လမှစ၍ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

TNLA က တစ်နှစ်ကြာ သိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူ၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် ၁၅ ရက်နေ့တွင် ယင်းမြို့ကို ပြန်လည်ထိန်းချုပ် ထားနိုင်ခြင်း ဖြစ်သည်။

ယခုအခါ သျှမ်းပြည်နှင့် မန္တလေးနယ်စပ်ဒေသရှိ မိုးကုတ်မြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်တပ်က အလားတူ လုပ်ဆောင်လာနေခြင်း ဖြစ်ကြောင်း နောင်ချိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နောက်ချိုကို သိမ်းပြီးသွားပြီဆိုတော့ မိုးကုတ်မြို့ကို ပြန်ရဖို့ ကြိုးစားနေတာ။ ရွေးကောက်ပွဲမတိုင်ခင် ထိုးစစ်အရှိန် မြင့်နေတာ။ ဒါပေမယ့် မိုးကုတ်က သိမ်းဖို့မလွယ်လောက်ဘူး” ဟု စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောသည်။

မိုးကုတ်မြို့ပေါ် စစ်ကောင်စီလေကြောင်းဗုံးကြဲ

စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုလအတွင်းမှာ သာမဏေ (၂) ပါး၊ ကလေးငယ် (၄) ဦး၊ အမျိုးသား (၁၈) ဦး နှင့် အမျိုးသမီး (၁၇) ဦး စုစုပေါင်း ၄၁ ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ယနေ့ သြဂုတ် ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (ERO) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ် စိုးမိုးထားသော မြို့နယ်များတွင် မြို့ပေါ်နေရာ အနည်းငယ်ကို သိမ်းပိုက်ရရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် မြို့နယ်အရေအတွက် ကိန်းဂဏန်းတိုးမြှင့်နိုင်သမျှ တိုးမြင့်နိုင်ရေး ကြိုးပမ်းကြရန် သြဂုတ် ၁၂ ရက် အစည်းအဝေးတွင် စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က ညွှန်ကြားထားသည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် သျှမ်းပြည်တွင် ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေးနှင့် လွိုင်လင်မြို့နယ်မှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...