ကျောက်မဲ-နောင်ချိုကြား ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ

သျှမ်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး တံတားချဉ်းကပ်နေရာ ကျိုးပဲ့ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် နောင်ချိုမြို့နယ် ဂုတ်ထိပ်ရွာကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး နောင်ပိန်ဘက်ခြမ်း တံတားချဉ်းကပ်တိုင်နေရာတွင် ကျိုးပဲ့ပျက်စီးနေကြောင်း ယနေ့ (ဩဂုတ်လ ၂၄ ရက်) နံနက်ပိုင်း၌ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင် ပုံနှင့်တကွ ပျံ့နှံ့လာသည်။

ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို မည်သည့်အချိန်တွင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက မိုင်းခွဲဖျက်ဆီးသွားကြောင်း အတည်မပြုနိုင်သေးဘဲ သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
အဆိုပါ ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် နောင်ပိန်ဘက်ခြမ်းရှိ တံတားချဉ်းကပ်တိုင်အနီး ပေ (၃၀) ခန့် ကျိုးကျပျက်စီးသွားကြောင်း စစ်ကော်မရှင်လက်အောက်ခံ မီဒီယာများနှင့် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ပုံနှင့်တကွ မျှဝေထားကြသည်။

အလားတူ ဇူလိုင်လ ဒုတိယပတ်အတွင်းကလည်း ကျောက်မဲနှင့် နောင်ချိုကြား ဂုတ်တွင်းလမ်းပိုင်းရှိ တံတားကြီးလည်း မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ထိုလမ်းပိုင်းမှတဆင့် နောင်ချိုမြို့မှ စစ်ကော်မရှင်တပ်များ ကျောက်မဲမြို့ဘက် စစ်ကြောင်းချီတက်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ရပ်ကွက် (၂) ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်ကျွမ်းပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှု များပြားနေကြောင်း၊ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ရွာထဲသို့ ပေးမဝင်တော့ကြောင်း ဒေသခံများက ပြောသည်။

ဂုတ်ထိပ်တံတားသည် မန္တလေး-လားရှိုး မီးရထားလမ်းပေါ် အရေးပါဆုံး တံတားတစ်စင်းဖြစ်ပြီး အင်္ဂလိပ်ခေတ် ၁၉၀၀ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့စဉ် ကမ္ဘာ့အမြင့်ဆုံး သံမဏိအမျိုးအစား ရထားကူးတံတား ဖြစ်ခဲ့ကာ ကျောက်မဲမြို့နှင့် ၁၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိသည်။

ပုံစာ – နောင်ပိန်ဘက်ခြမ်း ဂုတ်ထိပ်တံတား ချဉ်းကပ်တိုင်အနီး မိုင်းခွဲခံရပြီး ပျက်စီးမှု (ဓာတ်ပုံ-တယ်လီဂရမ်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...