ကျောက်မဲမြို့နယ် နောင်ပိန်အနီး လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံး၊ ဂုတ်တွင်းထဲ တိုက်ပွဲပြင်းထန်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် တိုက်ပွဲကြား လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၄ ရက်) ညနေပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာနှင့် ဂုတ်တွင်းအနီးတဝိုက် Y-12 လေယာဉ်ဖြင့် ဗုံးကြဲခံရခြင်းကြောင့် လုံကြိမ်ရွာတွင် နေအိမ်ထဲ ပိတ်မိနေသည့် အမျိုးသားနှစ်ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာထဲမှာ အခြေအနေ လုံးဝ မကောင်းဘူး၊ ပိတ်မိနေတဲ့လူတွေ ဘယ်မှ ထွက်ပြေးလို့ မရတော့ဘူး။ လုံကြိမ်မှာ Y-12 နဲ့ လာဝဲပြီး ဗုံးကြဲသွားတာ ကိုညွန့်ဝင်းနဲ့ ဖိုးဖြူ နှစ်ယောက်ပွဲချင်းပြီး သေသွားတာ၊ မနေ့ညအထိ ဘယ်သူမှ အလောင်းသွားမကောက်ရဲကြဘူး။ ဘုန်းကြီးကျောင်းကို မထိဘူး၊ ဘေးနားချရင်းနဲ့ အိမ်တွေထိမိတာ”ဟု နောင်ပိန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – နောင်ပိန်တိုက်နယ် လုံကြိမ်ရွာ လေကြောင်းဗုံးကြဲခံရပြီး ပြည်သူနှစ်ဦးထိခိုက်သေဆုံး (ဓာတ်ပုံ-ဒေသခံ)

လေကြောင်းဗုံးထိမှန်ပြီး သေဆုံးသူနှစ်ဦးမှာ နောင်ပိန်တိုက်နယ် လုံကြိမ်ကျေးရွာနေ အသက် (၅၀) ကျော်အရွယ် ဦးညွန့်ဝင်းနှင့် အသက် (၃၀) ကျော်အရွယ် စိုင်းဖိုးဖြူတို့ဖြစ်ပြီး လုံကြိမ်ဘုန်းကြီးကျောင်းတွင် ပြည်သူ (၁၀၀) နီးပါး ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ နောင်ပိန်ရွာအတွင်း ပိတ်မိနေသည့် ပြည်သူများလည်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား သေနတ်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးသူဦးရေ မြင့်တက်လာပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်း စစ်ကော်မရှင်တပ်က ရွာထဲသို့ ပေးမဝင်တော့ကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကွက်(၄) က လင်မယားနှစ်ယောက်လည်း ကျင်းထဲပုန်းနေတာ ပစ်သတ်ခံရပြီး ဆုံးသွားပြီ။ မနေ့က အဲ့ဘက်တိုက်ပွဲဖြစ်တော့ စစ်သားတွေက ရောနေတာ။ ရှေ့ရက်ကလည်း ဦးလေးတစ်ယောက်ကို စစ်တပ်က ပစ်သတ်သွားလို့ ရွာထဲကျန်တဲ့လူတွေ သင်္ဂြိုဟ်ပေးလိုက်ရတယ်။ ရွာထဲ အိမ်စောင့်ကျန်တဲ့ လူတွေကို စိုးရိမ်ရတယ်”ဟု နောင်ပိန်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ပိန်ရွာ ရပ်ကွက်(၄) တွင် ဩဂုတ်လ (၂၄) ရက်က သေနတ်ပစ်ခံရပြီး သေဆုံးသူ လင်မယားနှစ်ဦးမှာ အသက် (၅၀) ကျော်အရွယ် ကိုဝင်းလွင်နှင့် အသက် (၄၀) ကျော်အရွယ် မချော ဖြစ်ပြီး ဩဂုတ်လ (၂၃) ရက်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသူမှာ အသက် (၄၇) နှစ်အရွယ် ဦးစန်းလွင် ဖြစ်ကာ အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ပိန်ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နောင်ပိန်ကျေးရွာအနီး ဂုတ်တွင်းလမ်းပိုင်း၌ TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နောင်ချိုဘက်ရှိ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးနှင့် ဒရုန်းအပြင် လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုများကြောင်း သိရသည်။

ယနေ့ (ဩဂုတ်လ ၂၅ ရက်) နံနက် ၁၁ နာရီ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၇) ရှိ ဝါဆိုကျောင်းဘက်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ထပ်မံစုံစမ်းနေသည်။

ထို့အပြင် ကျောက်မဲမြို့နယ်ရှိ နောင်ပိန်တိုက်နယ်မှ ပုံဝိုးတိုက်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၁ သောင်းနီးပါးအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...