စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် လူနေအိမ်တစ်လုံးပျက်စီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပျက်စီးသွားကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် စက်ဘာလ ၂၉ ရက်တွင် နမ္မတူမြို့နယ် နှင့် ကပ်လျက် မန်တုံမြို့နယ် ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ PDF...
မိုးဗြဲမြို့ လင်းယုန် PDF တပ်ဖွဲ့ဝင် (၃) ဦးရုပ်အလောင်းကို ရေတွင်းထဲတွေ့ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာကျေးရွာတွင် စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့ တိုက်ပွဲအတွင်း ကျဆုံးသွားသည့် လင်းယုန်တပ်ခွဲ PDF (၂) ဦး နှင့် သိန်းငှက်တပ်ခွဲ (၁) ဦး ရုပ်အလောင်းကို ရေတွင်းထဲ ပြန်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စက်တင်ဘာ...
လွိုင်ကော် လေယာဥ်ကွင်းထဲ လေယာဥ်တစ်စီး ပစ်ခံရ၊ အမျိုးသားတစ်ဦးသေ
ကရင်နီပြည် လွိုင်ကော်လေဆိပ်မှာ ယနေ့ (စက်တင်ဘာ ၃၀) ရက် မနက် (၁၀) နာရီဝန်းကျင်တွင် ခရီးသည်တင် လေယာဥ် ပစ်ခတ်ခံရပြီး လေယာဥ်ပေါ်မှာ အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လေယာဥ်ပေါ်တွင် စစ်ကောင်စီဘက်မှ အရာရှိပါလာသည့်အတွက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီဘက်က...
နမ္မတူမြို့နယ်အတွင်း စစ်ရှောင်သစ် ၃၀၀နီးပါးရှိ စားနပ်ရိက္ခာအကူအညီလိုအပ်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းအနီး ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ရှောင် ၃၀၀ နီးပါးရှိလာပြီး စားနပ်ရိက္ခာအကူအညီလိုအပ်နေကြောင်း သတင်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်း PDF တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အသစ် (၃၀၀) နီးပါး...
လဲချားမြို့နယ်အတွင်း စစ်ကောင်စီကို တွေ့ဆုံခဲ့သည့် သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာ (၂၈) ရက် ညပိုင်းအချိန်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ လဲချားမြို့ နှင့် (၂)...
နမ္မတူမြို့နယ်ပစ်ခတ်မှု ဆက်ရှိနေဆဲ ပြည်သူများ စိုးရိမ်ထိတ်လန့်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းသတ္တုတွင်းဘက်တွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ဆက်လက်ထွက်ပေါ်နေသည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ ဘော်တွင်းသတ္တုဘက်ရှိ စစ်ကောင်စီ ခမရ တပ်အမှတ် ၃၂၄ မှ...
နမ္မတူမြို့နယ်အတွင်း လက်နက်ကြီး သံများ ကြားနေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းအနီး ပတ်ဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲမှ စတင်ကာ လက်နက်ကြီးသံများ စတင်ကြားရပြီး နမ္မတူမြို့နယ် ဘော်တွင်းဘက်မှ အသံထွက်လာကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
သျှမ်းပြည်အတွင်း ဒေသတချို့ PDF ဟု နာမည်တပ်ပြီး အလှူခံနေ
SHAN -
သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟု နာမည်တပ်ပြီး အလှူခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်အတွင်း PDF ဟု ဟန်ဆောင်ပြီး ပြည်သူများထံ အလှူငွေကောက်ခံ နေကြသလို တပ်သားများ နေမကောင်း ဖြစ်နေသည့်အတွက် အလှူခံ တောင်းလာခြင်း နှင့် စစ်ကောင်စီကို တိုက်ရန် လက်နက်လိုအပ်သည်ဟုဆိုပြီး...
ပင်းတယ PDF အလင်းပြန်ဝင်သည့် သတင်းမှားဖြစ်
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အခမ်းအနားမှာ စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ အရာရှိများက ပြုလုပ်ပြီး ပြည်သူကို ထင်ယောင်ထင်မှားအောင်...
နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅)...






