သျှမ်းပြည်အတွင်း ဒေသတချို့ PDF ဟု နာမည်တပ်ပြီး အလှူခံနေ

သျှမ်းပြည်အတွင်း မြို့နယ်တစ်ချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟု နာမည်တပ်ပြီး အလှူခံနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်အတွင်း PDF ဟု ဟန်ဆောင်ပြီး ပြည်သူများထံ အလှူငွေကောက်ခံ နေကြသလို တပ်သားများ နေမကောင်း ဖြစ်နေသည့်အတွက် အလှူခံ တောင်းလာခြင်း နှင့် စစ်ကောင်စီကို တိုက်ရန် လက်နက်လိုအပ်သည်ဟုဆိုပြီး ပြည်သူများထံ အလှူငွေများ ကောက်ခံနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်ထဲတွင် PDF တပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် နေမကောင်းသဖြင့် ဆေးဝါးခက်ခဲနေကြာင်း ထုတ်ပြန်ပြီး အလှူငွေကောက်ခံမှု ပြုလုပ်နေသည်။

PDF

သျှမ်းသံတော်ဆင့် စုံစမ်းချက်အရ လဲချားမြို့နယ်အတွင်း PDF လက်နက်ကိုင်တပ်ဖွဲ့ မရှိကြောင်း သိရသည်။

“ကျနော်တို့ လဲချားမှာက PDF မရှိနိုင်ဘူး။ မြို့ကလည်း သေးသေးလေး။ သူတို့တွေ ဒီလိုထုတ်ပြန်လာတာတော့ ဘာရည်ရွယ်ချက်လည်းတော့ မသိဘူး။ ဒီမှာ စစ်ကောက်နေလို့ လူငယ်တွေက တစ်ခြားကို ထွက်ပြေးသွားတာပဲရှိတယ်” ဟု လဲချားမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ လဲချားမြို့ အသက် ၂၂ နှစ် ဒေသခံအမျိုးသားတစ်ဦးကလည်း “ မရှိလောက်ဘူး။ ကျနော်တို့တောင် တပ်သားကောက်လို့ ထွက်ပြေးနေတာ။ ကျနော်တို့ လဲချားမှာ RCSS နဲ့ SSPP ပဲတွေ့ဖူးတယ်။ PDF ဆိုတာ မမြင်ဖူးဘူး” ဟု ပြောသည်။

လက်ရှိ PDF တပ်ဖွဲ့အတုတွေ ပေါ်ပေါက်လာသောကြောင့် ပြည်သူများကလည်း စားဝတ်နေရေးအတွက် စိုးရိမ်နေ ကြရသည်။

“အတုတွေ ပေါ်လာတော့လည်း စိတ်ပူရတယ်လေ။ လုပ်စားကြတယ်။ အခုလည်း နိုင်ငံရေး မကောင်းတော့ ရှာစားရတာခက်လာတယ်။ PDF တွေ နာမည်သုံးပြီး လာလိမ်နေတော့ မသိတဲ့သူက လှူလိုက်ရင်လည်း မကောင်းဘူးလေ။ ပြီးတော့ သူခိုးတွေဖြစ်မှာလည်း စိုးရိမ်ရတယ်” ဟု လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာ ၂၁ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အခြေစိုက် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSSPDF) ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင်လည်း (NSSPDF) တပ်ဖွဲ့သည့် ကိုးကန့်တပ်မတော် MNDAA နှင့် မဟာမိတ်ဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်တွင် တည်ရှိကြောင်း ထုတ်ပြန်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင် လက်အောင်တွင် ရှိနေသည့် PDF တပ်ဖွဲ့များသည်လည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရဘဲ အသုံးခံဖြစ်နေသည့် PDF တပ်ဖွဲ့များသာဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ ပြည်မကြီးက PDF တွေကတော့ ကောင်းတာပေါ့။ ကျနော်တို့ သျှမ်းမြောက်မှာရှိနေတဲ့ PDF တွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အောက်တွေပဲဖြစ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လည်း မရှိကြဘူး။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး ကစားကွက်လည်း ဖြစ်တတ်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၀ တွင်လည်း သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ် နှင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့တို့တွင် PDF နာမည်သုံးပြီး ငွေကြေးတောင်းခံနေကြောင်း သိရသည်။

မိုင်းရယ်မြို့တွင်လည်း PDF တပ်ဖွဲ့ဟု အမည်ခံပြီး ပြည်သူများကို ငွေကြေးတောင်းခံပြီး လက်နက်ဝယ်ယူရန်ဟု ခြိမ်းခြောက်ကာ ဓာတ်ဆီဆိုင်ပိုင်ရှင်တစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြီးခဲ့သည့် ဩဂုတ် ၂၉ က ပြောခဲ့သည်။

ထိုနောက် သျှမ်းသံတော်ဆင့် မှ သတင်းထုတ်ဖော်ခဲ့ ပြီးနောက်တွင် မိုင်းရယ် PDF တပ်ဖွဲ့လည်း ပျောက်ဆုံးသွားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...