Wednesday, January 28, 2026

နမ္မတူမြို့နယ်ပစ်ခတ်မှု ဆက်ရှိနေဆဲ ပြည်သူများ စိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းသတ္တုတွင်းဘက်တွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ဆက်လက်ထွက်ပေါ်နေသည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ ဘော်တွင်းသတ္တုဘက်ရှိ စစ်ကောင်စီ ခမရ တပ်အမှတ် ၃၂၄ မှ လက်နက်ကြီး 10 လုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းသိရသည်။

“ဒီမနက် ၇ နာရီလောက်ကတည်းက ၃၂၄ တပ်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်၊ နေ့လည် ၁၂ နာရီ အထိကို ငါးမိနစ်ခြား ၁၀ မနစ်ခြား အဲ့လိုတွေပစ်နေတာ၊ ၁၀ လုံးကျော်ရှိတယ်၊ ပန်ဟိုင်းဘက်ပစ်သွားတာ၊ ခုနက ၁ နာရီခွဲလောက်မှာကျတော့ နှစ်ဖက်ပစ်ခတ်တဲ့ သေနတ်သံတွေ ထွက်လာတယ်” ဟု ဘော်တွင်းမှ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ်

အဆိုပါ ပစ်ခတ်မှုများသည် အာဏာသိမ်း စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့ PDF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။


လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA / PDF ပူးပေါင်းတပ်ဖွဲ့ကြား ပစ်ခတ်တိုက်ခတ်မှု ငြိမ်သက်သွားသော်လည်း တိုက်ပွဲဆက်လက်ပြင်းထန်လာမှာကို စိုးရိမ်သည့်အတွက် နမ္မတူမြို့တွင်းရှိ အမှတ် (၂) အလယ်တန်းကျောင်း နှင့် အမှတ် (၁) အထက်တန်းကျောင်းတို့က ကျောင်းသားမိဘများကို ဆက်သွယ်ပြီး ကျောင်းသား/သူ များကို ပြန်လွတ်ပေးကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ပစ်ခတ်သံတွေ ကြားနေရတဲ့ အမှတ် ၃၂၄ တပ်က ကျောင်းနဲ့ ၃ ဖာလုံလောက်ပဲ ဝေးတယ်၊ ဒါကြောင့် ဆရာ/ ဆရာမတွေက မိဘတွေကို ဆက်သွယ်ပြီး ကျောင်းသား/သူတွေကို ပြန်လွတ်ပေးလိုက်တယ်၊ ဒေသခံအနေနဲ့ လည်း တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင်လည်း ဘော်တွင်းဘက်မှ လက်နက်ကြီး ပစ်ခတ်သံများ ထွက်လာသည့်အတွက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးသံ ကြားရခြင်းဖြစ်ကြောင်း သတင်းသိရသည်။

အဆိုပါ ဘော်တွင်းဘက်တွင် စစ်ကောင်စီတပ် ခမရ ၃၂၄ တည်ရှိနေပြီး အဆိုပါ ပတ်ဝန်းကျင်တွင် ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့တို့မှ လှုပ်ရှားနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...