Wednesday, April 24, 2024

လွိုင်ကော် လေယာဥ်ကွင်းထဲ လေယာဥ်တစ်စီး ပစ်ခံရ၊ အမျိုးသားတစ်ဦးသေ

Must read

ကရင်နီပြည် လွိုင်ကော်လေဆိပ်မှာ ယနေ့ (စက်တင်ဘာ ၃၀) ရက် မနက် (၁၀) နာရီဝန်းကျင်တွင် ခရီးသည်တင် လေယာဥ် ပစ်ခတ်ခံရပြီး လေယာဥ်ပေါ်မှာ အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လေယာဥ်ပေါ်တွင် စစ်ကောင်စီဘက်မှ အရာရှိပါလာသည့်အတွက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

လွိုင်ကော် လေယာဥ်ကွင်း

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီဘက်က လေဆိပ်ကို လုံခြုံရေး အပြည့်ယူထားပြီး မြို့ပေါ်တွင်လည်း စစ်ဆေးမေးမြန်းမှု ရှိကြောင်း သိရသည်။

လက်ရှိချိန်ထိတော့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း ပစ်ခတ်သည်ကို မသိရှိရသေးပေ။

ကရင်နီပြည် နှင့် သျှမ်း – ကယား နယ်စပ်ဖြစ်သည့် မိုးဗြဲမြို့နယ် ဖယ်ခုံမြို့နယ်တွင်လည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့များ ရှိပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားသည့် နေရာဒေသဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article