ဖယ်ခုံမြို့ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲ အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံး
သျှမ်း-ကရင်နီ(ကယား)နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၇)ရက် ည ၁၁ နာရီတွင် ဖယ်ခုံမြို့နယ် ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲချလိုက်သဖြင့်...
ကျောက်မဲမြို့နှင့်မိုးကုတ်မြို့ စစ်ကောင်စီ လေကြောင်းဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၃ ဦးထက်မနည်း သေဆုံးမှုရှိနေကြောင်း သိရသည်။ ယနေ့ ( ဇူလိုင်လ ၈ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာအနီးနှင့် နယ်စပ်ဒေသ...
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲဒေသခံ ထပ်မံစစ်ဘေးရှောင်တိမ်းရ
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်တိမ်းနေရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းကြောင့် ကျောက်မဲမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အထက်ရဲရွာ...
TNLA ထိန်းချုပ် နောင်ချိုမြို့နှင့် ၄ မိုင်အကွာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာ
သျှမ်းပြည် နောင်ချိုမြို့အနီးသို့ စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာပြီး TNLA ပူးပေါင်းတပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ပထမပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီး ၄ မိုင်ပတ်လည် အကွာအဝေးသို့ စစ်ကောင်စီတပ်များ ချဉ်းကပ်လာခဲ့ပြီး စစ်အင်အားအလုံးအရင်းဖြင့်...
မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရရှိဟု စစ်ကောင်စီထုတ်ပြန်
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၆ လကြာအောင် ထိုးစစ်ဆင်ပြီးနောက် တစ်မြို့လုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ (ဇူလိုင်၇)ရက်တွင် သတင်းထုတ်ပြန်သည်။ ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း (ခမရ ၄၂၂) မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို...
ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို...
ရွာငံသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကျောင်းသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်နှင့် အရှေ့ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ တပ်သားများသည် ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဇူလိုင် (၂) ရက် ည ၈ နာရီ ဝန်းကျင်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာသို့ ဈေးဝယ်ရန် ထွက်လာသော ကျောင်းသားနှစ်ဉီးသည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ...
ညောင်ရွှေမြို့နယ်ရောက် စစ်ရှောင် ၁၇၀၀ ကျော် ကျန်းမာရေးအကူအညီလိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင် (၁၇၀၀) ကျော်အတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။ ဇွန်လ ပထမပတ်မှစ၍ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ (၁၇၀၀)ကျော် သည် ညောင်ရွှေမြို့နယ်သို့...
ဖယ်ခုံ စစ်ရှောင်ကလေးများအတွက် စာသင်ကျောင်းသစ် ဆောက်လုပ်ရန် အကူအညီလိုအပ်
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ မေတ္တာရောင်ခြည် စစ်ရှောင်ခစန်းမှ စစ်ဘေးရှောင်ကလေးများသည် ပညာသင်ကြားနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းသစ် ဆောက်လုပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးများသည် အေးချမ်းစွာ ပညာရေးသင်ကြားခွင့်မရခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်ကြောင်း သိရသည်။ “မနှစ်တုန်းက...
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ TNLA ထွေအုပ်ရုံးနှင့် သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း ဖြန့်ချိနေပါသည်။ အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော People Media တယ်လီဂရမ်ချန်နယ်က ဇွန်လ ၃၀ ရက်နေ့တွင် ဖြန့်ချိခဲ့ခြင်း...





