သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဒေသ မိုးဗြဲမြို့ပေါ်တွင် ယနေ့အချိန်ထိ စစ်ကောင်စီမှ တပ်စွဲနေထိုင်လျက်ရှိပြီး မြေမြှုပ်မိုင်းများ ထောင်ထားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်များ နေရာပြန်လည် မချနိုင်မသေးကြောင်း သတင်းရရှိသည်။ . စစ်ကောင်စီသည် မိုးဗြဲမြို့ပေါ်တွင် တပ်စွဲနေထိုင်လာရာ လနှင့်ချီ အချိန်ကြာမြင့်ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ လုံခြုံရေးအတွက် မြေမြှုပ်မိုင်း အများအပြား...
စယ်လန့် တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း၊ နေအိမ် စုစုပေါင်း ၁၀ လုံးပျက်စီး
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း၊ နေအိမ် စုစုပေါင်း ၁၀ လုံး ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်မှစပြီး စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်...
“ကနောင်စစ်ဆင်ရေး” တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြားသေဆုံး
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းပြီး “ကနောင်စစ်ဆင်ရေး “ ဟု နာမည်ပေးထားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း MDY PDF မှ ယမန်နေ့ (စက်တင်ဘာ ၁၁) ရက်တွင်...
မူဆယ်မြို့ အတွင်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ပစ်ခတ်နေ
သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲတွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်း သိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၁၁) ရက် ည ၉ နာရီအချိန်မှ စပြီး ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲမှ လုံခြုံရေးယူ နေသည့် စစ်ကောင်စီတပ်သည် သေနတ်ဖြင့် မိနစ်...
ခုခံတော်လှန်စစ်ကြေညာခြင်း (၂)နှစ်ပြည့်၊ စစ်ရေး အဟုန်၊ နိုင်ငံရေး အရွေ့
SHAN -
နိဒါန်း စက်တင်ဘာ ၇ ရက်သည် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်ကြေညာခြင်း (၂)နှစ်ပြည့်နေ့ဖြစ်သည်။ တနိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းစောင်းမကျန်” ခုခံတော်လှန်စစ်ဆင်နွှဲကြရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇...
မူဆယ်မြို့ပေါ်ရောက် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်နေ
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ သြဂုတ်လနှောင်းပိုင်းအတွင်း စယ်လန့်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ရှောင် (၂၀၀) ကျော်သည်...
သိန္နီမြို့နယ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက အရပ်သားဆိုင်ထဲ ပိုက်ဆံဝင်ယူ
သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စုတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများသည် အရပ်သားပိုင် ကုန်စုံဆိုင်ထဲဝင်ပြီး ကုန်ပစ္စည်းများ နှင့် ပိုက်ဆံများ လုယူသွား ကြောင်း သိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၇) ရက် ညနေပိုင်း ၃ နာရီဝန်းကျင် သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စု၊...
ရွာငံမြို့နယ် PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ထိခိုက်ဒဏ်ရာ ရမှုရှိနေ
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေကြောင်း သိရသည်။ . ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ ကျောက်ပချုပ်ကျေးရွာအနီး၌ စစ်ကောင်စီ...
လားရှိုးမြို့နယ် စစ်ကောင်စီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ . ယနေ့ (စက်တင်ဘာလ ၆ ) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး၌ ပစ်ခတ်သံများ စတင်ကြားရပြီး ၁၅ မိနစ်အကြာ၌ ပြန်လည်...
ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ကြီးကျပေါက်ကွဲ နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံး
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ကျပေါက်ကွဲမှုကြောင့် နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) ည ၁၀ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မိုင်းယုကျေးရွာ...





